Powered by Blogger.

Google ရဲ့ ‘Project Wing’ သယ်ယူပို့ဆောင်ရေး ဒရုန်းကို ၂၀၁၇မှာ စမယ်




Google ရဲ့ ‘Project Wing’ လို့ခေါ်တဲ့ စီးပွားရေးသုံး ဒရုန်းတွေကို ၂၀၁၇ခုနှစ်မှာ စတင်မယ်လို့ သိရပါတယ်။

သယ်ယူပို့ဆောင်ရေးဘက်မှာ သုံးဖို့ ရည်ရွယ်ထားကြောင်း Google ကပြောခဲ့ပါတယ်။ Google ဟာ ဒရုန်းမှတ်ပုံတင် ဖြစ်မြောက်ရေးအတွက် ဗဟိုအစိုးရလေကြောင်းကြီးကြပ်ရေး နဲ့တွဲဖက် လုပ်ဆောင်ခဲ့တဲ့ ကုမ္ပဏီများအနက်က တစ်ခုလည်း ဖြစ်ပါတယ်။ လေကြောင်းယာဉ်ကြောထိန်းချုပ်ရေး စနစ်ဖြစ်မြောက်ရေး အတွက်လည်း Google ကလုပ်ဆောင်နေပါတယ်။

ဒီလေကြောင်းယာဉ်ကြောထိန်းချုပ်ရေး စနစ်နဲ့ပတ်သက်တာကို ဒီဇင်ဘာ ၂၀ရက်နေ့မှာ Google က ချပြတော့မှာပါ။ ဒရုန်းမောင်းနှင်သူတွေအနေနဲ့ ဘယ်နေရာကို မောင်းမှာလဲ၊ ဘယ်အချိန် မောင်းမှာလဲ၊ ဘယ်လို မောင်းမှာလဲ စတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဂရုတစိုက်လုပ်ဆောင် စေဖို့အတွက်ပါ။

“၂၀၁၇ခုနှစ်မှာ စတင်ပြေးဆွဲပြီး စီးပွားရေးလုပ်ငန်း လုပ်ဖို့ကို ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။” လို့ ‘Project Wing’ ရဲ့ ခေါင်းဆောင် David Vos ကပြောသွားပါတယ်။

( Jack )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref:Reuters 
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment