ပဲရစ် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်မှာ မူဆလင်တွေကို အလှပြင်ဆိုင်လာဖို့ ကြိုတင်စာရင်းမလုပ်ပေးတော့ဘူးဆိုပြီး Facebook post တင်ခဲ့တဲ့ အလှပြင်ဆိုင်ပိုင်ရှင် အမျိုးသမီးဟာ အဖမ်းခံခဲ့ရပါတယ်။
အသက် ၄၃နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးဟာ ပြည်သူ့အမိန့်အက်ဥပဒေ၊ အပိုဒ်ခွဲ ၁၉ အရ အဖမ်းခံခဲ့ရကြောင်း သိမ်းစ်ဗယ်လီ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အပိုဒ်ခွဲ ၁၉ဟာ 'လူမျိုးရေးမုန်းတီးမှု အရ မုန်းတီးဒေါသထွက်စေသော ရည်ရွယ်ချက်ဖြင့် ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း ဒါမှမဟုတ် စော်ကားခြင်း နှင့် မုန်းတီးဖွယ် ဆက်ဆံရေးများပြုလုပ်ခြင်း' ကို ဥပဒေပြုရေးသားထားတာ ဖြစ်ပါတယ်။
ဒီအမျိုးသမီးကို ဒေသတွင်းမှာတော့ ဧပြီမေဂျာ လို့ခေါ်ကြပါတယ်။ သူ့ကို ရာဇဝတ်မှုနဲ့တော့ တရားမစွဲဆိုထားသေးပါဘူး။
နောက်ပိုင်းတော့ သူ့ရဲ့ post တွေအားလုံးကို ဖျက်လိုက်ပါပြီ။ "ဒီလို တိုင်ကြားမှုအားလုံးကို ကျွန်တော်တို့ အရေးတယူ ဆောင်ရွက်ပြီး စုံစမ်းစစ်ဆေးသွားမှာပါ။" လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
( Skyler )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Mirror
0 comments:
Post a Comment