Powered by Blogger.

နိုင်ငံရေးတက်ကြွ အသုံးပြုသူတွေကို ပစ်မှတ်ထားမဲဆွယ်ရန် Facebook ကူညီ




Facebook က မဲဆွယ်ရာသီအတွက်ကို ကြိုတင်ပြင်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေး စည်းရုံးလှုံ့ဆော်မှုတွေနဲ့ ကိုက်ညီမယ့် ကြော်ငြာထုတ်ကုန်တစ်ခုကို ဒီကနေ့ပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အမေရိကန် အထွေထွေရွေးကောက်ပွဲရောက်ဖို့ကလည်း တစ်နှစ်လောက်ပဲ လိုတော့တာပါ။ အမတ်လောင်းတွေအနေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ Facebook အသုံးပြုသူတွေနဲ့ လွှမ်းမိုးမှုအားကောင်းတဲ့ Facebook အသုံးပြုသူတွေထံ တိတိကျကျ ကြော်ငြာနိုင်စေဖို့ကို Facebook က ခွင့်ပြု ကူညီမှာပါ။

Facebook အသုံးပြုသူတွေကို ဝဘ်စာမျက်နှာတွေ သတင်းတွေနဲ့ ကြော်ငြာဖို့ရာ လူထုကို လွှမ်းမိုးမှုအားကောင်းတဲ့ အသုံးပြုသူတွေကို ထိထိရောက်ရောက် အသုံးပြုပြီး မဲဆွယ် မက်ဆေ့ခ်ျတစ်ခုကို ဖြန့်ဝေမှာပါ။ 

“လူတွေက သူတို့ခင်တဲ့သူတွေ share တဲ့ သတင်းအချက်အလက်တွေကို ပိုပြီးယုံကြည်ကြတယ်။” လို့ Facebook ရဲ့ အမှုဆောင်အရာရှိချုပ်က Wired သတင်းဌာနကို ပြောပြခဲ့ပါတယ်။

( Jack )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: TheVerge



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment