Powered by Blogger.

ကလေးဝတ် LG စမတ်လက်ပတ်နာရီများ ထွက်ရှိ




ကလေးတွေကလည်း သူ့ဖေဖေ၊ မေမေတို့လိုပဲ စမတ်လက်ပတ်နာရီလေးတွေ ပတ်ချင်ကြပါတယ်တဲ့။ မိဘတွေ၊ ထိန်းသိမ်းစောင့်ရှောက်သူတွေအနေနဲ့ ကလေးတွေကို အမြဲစောင့်ကြည့်နေနိုင်မယ့် လုံခြုံရေးနာရီ သစ်နှစ်လုံးကို ဒီနေ့ကစပြီး Verizon မှာ ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။

GizmoPal 2 နဲ့ GizmoGadget ဆိုပြီး မော်ဒယ်နှစ်မျိုးရှိပါတယ်။

GizmoGadget မှာတော့ ၁.၃ လက်မ တို့ထိမျက်နှာပြင်ပါရှိပြီး အကန့်အသတ်ရှိတဲ့ လုပ်နိုင်စွမ်းတွေပဲရှိပါတယ်။ ဒါပေမဲ့ ခြေလှမ်းတိုင်းကိရိယာ၊ ကြိုးခုန်တိုင်းကိရိယာ တွေပါရှိတဲ့အတွက် ကလေးတွေကို တက်ကြွလှုပ်ရှားနေစေမှာပါ။

မော်ဒယ်နှစ်မျိုးစလုံးမှာ သတ်မှတ်ထားတဲ့ နံပါတ်တွေကို ခေါ်ဆိုနိုင်ခြင်း၊ GizmoHyub app နဲ့ GPS ခြေရာခံခြင်း၊ လက်ပတ်လဲလှယ်အသုံးပြုနိုင်ခြင်း စတဲ့ feature လေးတွေပါရှိပါတယ်။

ဘက်ထရီသက်တမ်း ဘယ်လောက်ရှိလဲဆိုတာကိုတော့ Verizon ကတရားဝင်ထုတ်တဲ့ ဆောင်းပါးမှာ မပါရှိပါဘူး။ ဒါပေမဲ့ standby ထားရှိမယ်ဆိုရင် ၄ ရက်လောက်တော့ ခံမှာပါ။

GizmoPal 2 ကို ကန်ဒေါ်လာ ၇၉.၉၉ နဲ့ GizmoGadget ကိုတော့ ကန်ဒေါ်လာ ၁၄၉.၉၉ နှုန်းဖြင့် အသီးသီး ဝယ်ယူရရှိနိုင်ပါပြီ။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref: GSM Arena
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment