Powered by Blogger.

အင်တာနက်လိုင်းမရှိရင်တောင် Google Maps က လမ်းကြောင်းပြပေးပြီ




Apple နဲ့ တခြားသော လမ်းကြောင်းပြ App တွေနဲ့ယှဉ်ပြိုင်နေရတဲ့ Google Maps ဟာ up-to-date ဖြစ်အောင်၊ features သစ်တွေရရှိအောင် အမြဲ ကြိုးစားလုပ်ဆောင်နေပါတယ်။ ခုလည်း အင်တာနက်လိုင်း မရှိရင်တောင် Google Maps က လမ်းကြောင်းပြပေးနေနိုင်ပါပြီ။

ခရီးအရမ်းသွားတဲ့လူတွေ၊ Google Maps ကို အရမ်းသုံးတဲ့ သူတွေအတွက် အရမ်းကောင်းသွားပါတယ်။ နိုင်ငံပြင်ပတစ်နေရာရောက်လို့ Roam လုပ်ပြီး မြေပုံ download လုပ်၊ ဦးတည်ရာရှာရတာဟာ အရမ်း ဈေးများပါတယ်။ ဒါပေမဲ့ Google မှာတော့ ဖြေရှင်းချက်တစ်ခု ရှိပါတယ်။ ခရီးမသွားခင်မှာ သွားမယ့် မြေပုံတွေနဲ့ တခြားဒေတာတွေကို Google Maps က download လုပ်ခွင့် ပေးထားပါတယ်။ လောလောဆယ်တော့ Android မှာပဲ ရသေးတယ်လို့ သိရပါတယ်။

မြို့တစ်မြို့၊ စီရင်စုတစ်စု၊ ဒါမှမဟုတ် နိုင်ငံတစ်ခု ကိုရှာပြီး 'Download' ဆိုတာကိုနှိပ်ကာ နယ်မြေတစ်ခုကို ခင်ဗျား download လုပ်နိုင်ပါတယ်လို့ Google ကပြောပါတယ်။ ပြီးရင် အဲ့ဒီ့မြေပုံနဲ့ အင်တာနက်လိုင်း မကောင်းတဲ့နေရာ၊ မရှိတဲ့နေရာကို ခင်ဗျားရောက်သွားရင် Google Maps က အလိုအလျောက်ပဲ Offline mode ကို ပြောင်းပေးပါလိမ့်မယ်။ အင်တာနက် လိုင်းကောင်းတဲ့နေရာမှာတောင် အင်တာနက်ဒေတာ ပိတ်ပြီးသုံးနိုင်တဲ့အတွက် အင်တာနက်ဖိုး သက်သာပါတယ်။ အင်တာနက် ချိတ်လိုက်ပြီးဆိုရင်လည်း Google Maps က Online mode ကို အလိုအလျောက် ပြန်ပြောင်းပေးပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: forbes
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment