Powered by Blogger.

4K ရုပ်ထွက်ရှိမယ့် Ultra HD Blu-ray အခွေတွေကို ၂၀၁၆ ခုနှစ်မှာ ထုတ်လုပ်မယ်လို့ Sony ကြေညာ




သင်ဟာ 4K အထိ ကြည်လင်ပြတ်သားမှုရှိတဲ့ Ultra HD Blu-ray အခွေတွေကို ကြည့်ပြီး အားလပ်ရက်တွေကို ကုန်ဆုံးစေချင်တယ်ဆိုရင်တော့ သိပ်အကြာကြီး စောင့်နေစရာမလိုတော့ပါဘူး။

Sony ကုမ္မဏီက ဒီနေ့ပဲ ကြေညာခဲ့တာကတော့ 4K Ultra HD အခွေတွေကို ၂၀၁၆ ခုနှစ် အစောပိုင်းမှာ စတင်ရောင်းချမှာ ဖြစ်တယ်လို့ အတည်ပြုကြေညာလိုက်ပါတယ်။ ဒါပေမယ့်လည်း သြဂုတ်လတုန်းက Blu-rau Disc Association က ခန့်မှန်းထားတဲ့ ဒီနှစ် အကုန်ပိုင်းမှာ ထုတ်လုပ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်တော့ပါဘူး။

၂၀၁၆ ခုနှစ် အစောပိုင်းမှာ Sony က ထုတ်လုပ်မယ့် 4K Ultra HD အခွေတွေထဲမှာ သင် မျှော်လင့်လို့ ရနိုင်တဲ့ ဇာတ်လမ်းတွေကတော့ The Amazing Spider-Man 2 ၊ Salt ၊ Hancock ၊ Chappie ၊ Pineapple Express နဲ့ The Smurfs 2 တို့ကို အစောဆုံး ထုတ်လုပ်မယ့် အထဲမှာ ပါဝင်လာနိုင်တယ်လို့ အရင်တုန်းက ကြိုတင်ခန့်မှန်းထားခဲ့ပါတယ်။

အခုလည်း ထပ်မံ ထွက်ပေါ်လာတဲ့သတင်းတွေအရ 4K ရုပ်ထွက် ကြည်လင်ပြတ်သားမှု ရှိမယ့် အခွေတွေထဲမှာ Fury နဲ့ Captain Philips တို့အပါအ၀င် Ghostbusters နဲ့ The Fifth Element တို့လို ဇာတ်လမ်းဟောင်းတွေလည်း ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

Sony Pictures ကထုတ်လုပ်မယ့် ထို 4K ဇာတ်လမ်းခွေတွေဟာ high dynamic range ဆိုတဲ့ HDR စနစ်ကိုလည်း support လုပ်နိုင်ပြီး မျိုးဆက်သစ် audio format တွေကိုလည်း support လုပ်နိုင်ဦးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထို 4K ရုပ်ထွက် အခွေတွေကို ကြည့်ဖို့အတွက်တော့ 4K TV နဲ့ Player တွေ လိုအပ်ပါလိမ့်မယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment