Powered by Blogger.

Google ပိုင် ကုမ္မဏီထုတ် စက်ရုပ်ခွေး ၊ မရိန်းတပ်ဖွဲ့နဲ့အတူ လေ့ကျင့်ရေးဆင်း




Google ကုမ္မဏီ က ပိုင်ဆိုင်တဲ့ Boston Dynamics ဆိုတဲ့ ကုမ္မဏီက ပြုလုပ်တဲ့ Spot လို့အမည်ရတဲ့ အသံမထွက်တဲ့ စက်ရုပ်ခွေး(robo-dog) လေးတွေဟာ စက်တင်ဘာလတုန်းက အပြင်ဘက်ကမ္ဘာမှာ တစ်ပတ်လောက် လှုပ်ရှားခွင့်ရခဲ့ကြပါတယ်။ မရိန်းစစ်သား တွေနဲ့အတူ လေ့ကျင့်ရေး ဆင်းခဲ့တာပဲ ဖြစ်ပါတယ်။

Indoor စနစ်မှာပဲ လှုပ်ရှားမှုပြုပြီး စမ်းသပ်နေခဲ့ခြင်းကို ထူးချွန်တဲ့ အင်ဂျင်နီယာတွေက ပြောင်းလဲလိုက်ပါတယ်။ Boston Dynamics ကုမ္မဏီက Spot ရဲ့ ကွန်ကရစ် ကြမ်းပြင်တွေထက်ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ လှုပ်ရှားနိုင်စွမ်းတွေကို စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။ ဥပမာ တောင်ကုန်း တွေ၊ သစ်တော တွေ နဲ့ မြို့တော်တွင်း နေရာတွေမှာပါ။

ထို စက်ရုပ်ခွေးကို ထိန်းချုပ်ဖို့အတွက်တော့ မီတာ ၅၀၀ အကွာအဝေးအတွင်းမှာ လက်ပ်တော့ပ် တစ်လုံးနဲ့ ဗီဒီယိုဂိမ်း ကွန်ထရိုလာ တစ်ခုနဲ့ ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ထိန်းချုပ်ဖို့ အရမ်းလွယ်ကူတဲ့ အနေအထားပါ။ လေးနှစ်သား ကလေးတစ်ယောက်တောင် ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။

မရိန်း စစ်တပ်ကတော့ ဒီစက်ရုပ်ခွေးတွေကို ဘယ်လိုနေရာမှာ အသုံးပြုဖို့ ရည်ရွယ်ထားသလဲဆိုတော့ ရန်သူ့ အနေအထားကို မမြင်နိုင်တဲ့ ထောင့်ချိုးအနေအထားတွေမှာ ရှေ့ပြေးအဖြစ် အသုံးပြုသွားမှာပဲ ဖြစ်ပါတယ်။ Spot ဆိုတဲ့ ဒီစက်ရုပ် ခွေးလေးဟာ ပေါင် ၁၆၀ အလေးချိန် ရှိပြီး ခွေးအစစ်တစ်ကောင်သာ ဆို အလွန် ချစ်ဖို့ ကောင်းနေမယ့် ခွေးလေးပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment