Powered by Blogger.

Wi-Fi ၊ TV ၊ နဲ့ ATM တွေ ပါဝင်တဲ့ အများပြည်သူသုံးသန့် စင်ခန်းတွေကို တရုတ်နိုင်ငံမှာ စတင်ဖွင့်လှစ်




ဆောင့်ကြောင့်ထိုင်အိမ်သာခွက်၊ မီးရောင်ဝိုးတ၀ါးနဲ့ အိမ်သာသုံးစက္ကူကလည်း မလောက်ငှတဲ့ တရုတ်နိုင်ငံက အများပြည်သူသန့် စင်ခန်းတွေ သွားဖို့ ဆိုတာ တော်တော်စဉ်းစားရမယ့်အလုပ်ပါ။

ဒါပေမယ့် တရုတ်အစိုးရဟာ ကျဆင်းနေတဲ့ အများပြည်သူသုံးသန့် စင်ခန်းတွေရဲ့ပုံရိပ်ကို ပြန်လည်မြှင့်တင်ဖို့ အတွက် အရင်တစ်ပါတ်၊ ကြာသပတေးနေ့ က မြို့ တော်ဘေဂျင်းမှာ၊ နည်းပညာမြင့် စူပါသန့် စင်ခန်းတွေကို စတင်ဖွင့်လှစ်လိုက်ပါတယ်။

နောက်ဆုံးပေါ်သန့် စင်ခန်းတွေကို ‘The Fifth Space’ လို့ အမည်ပေးထားပြီး သန့် စင်ခန်းအတွင်းမှာ Wi-Fi ၊ vending machine ခေါ် အကြွေစေ့ထည့်လိုက်ရင်စားစရာရောင်းချပေးတဲ့စက်တွေ၊ AMT တွေ၊ မျက်နှာပြင်အပြားတီဗီတွေအပြင် တရုတ်နိုင်ငံမှာခေတ်စားနေတဲ့ လျှစ်စစ်စကူတာဘီးလေးတွေအတွက် အားသွင်းနိုင်မယ့်နေရာပါ ပါဝင်ပါတယ်။

ဘေဂျင်းမြို့ ၊ အနောက်တောင်ပိုင်းမှာရှိတဲ့ Fangshan ခရိုင် အစိုးရရုံးရှေ့ မှာ ယခု မျိုးဆက်သစ် သန့် စင်ခန်း တွေကို အများပြည်သူအတွက် စတင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါနေ့ ဟာ ‘ကမ္ဘာ့အိမ်သာနေ့ ’ ဖြစ်ပြီး ဒါဟာ တရုတ်နိုင်ငံရဲ့ အဆင့်အတန်းနိမ့်ကျနေတဲ့ သန့် စင်ခန်းတွေကို ပြောင်းလဲပစ်မယ့်အစီအစဉ်ရဲ့ ပထမဆုံးအစီအစဉ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

ဝါညိုနုရောင်သုတ်ထားတဲ့ ယခုခေတ်မီသန့် စင်ခန်းမှာ အကန့် ၁၁ ခုပါဝင်ပြီး၊ အမျိုးသားရေအိမ်၊ အမျိုးသမီးရေအိမ်၊ ကျားမမရွေးရေအိမ်၊ ကလေးအ၀တ်အစားလဲခန်း၊ e-commerce ဧရိယာ နဲ့ ATM အခန်းတို့  ပါဝင်ပါတယ်။ သန့် စင်ခန်းအဆောက်အဦးတစ်ခုလုံးကို Wi-Fi လွှင့်ပေးထားပြီး စားစရာ၊နဲ့ အချိုရည် တွေ ၀ယ်သောက်နိုင်မယ့် အကြွေစေ့စက်တွေလည်း ပါရှိပါတယ်။ ဘိုထိုင်ရေအိမ်နဲ့ အမျိုးသားအပေါ့သွားခွက် တိုင်းမှာ flat-screen TV တွေ တပ်ဆင်ထားပြီး အပေါ့အလေးသွားရင်း အပျင်းပြေကြည့်ရှုနိုင်ပါတယ်။

ဒီထက်ပိုကောင်းတာကတော့ သန့် စင်ခန်းအပြင်ဘက်မှာ အားသွင်းရုံတွေထားရှိပေးပြီး အများပြည်သူတွေဟာ သန့် စင်ခန်းသွားရင်း သူတို့ ရဲ့လျှပ်စစ်စက်ဘီး၊ဆိုင်ကယ်တွေကို အားသွင်းခဲ့လို့ ရပါတယ်။ ဒီ့အပြင် သန့် စင်ခန်း ထဲမှာရှိတဲ့ အမျိုးစုံသုံးအများပြည်သူဖုန်းကနေ မီတာခ၊ရေမီတာစတဲ့ ၀န်ဆောင်မှုဘေလ်တွေကိုလည်း ပေးချေလို့ ရပါသေးတယ်။



( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment