Powered by Blogger.

Huawei Honor ဖုန်းတွေမှာ Android 6.0 မကြာမီရဖို့ရှိ




ပြီးခဲ့တဲ့လက Huawei ဟာ Android 6.0 Marshmallow update ရနိုင်မယ့် ဖုန်းတွေစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ အပြီးသတ် စာရင်းတော့ မဟုတ်ပါဘူး။ ထွက်လာမယ့် အချိန်အတိအကျနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစ်စုံတရာ မရှိသေးပါဘူး။

သတင်းကောင်းကတော့ update ရနိုင်မယ့် အချိန်အတိအကျကို Huawei က ထုတ်ပြန်လိုက်ပါပြီ။ Honor တံဆိပ်ကပ် စမတ်ဖုန်းတွေအတွက် သီးသန့်ပါပဲ။

Honor 7, Honor 6 Plus, Honor 6, Honor 4X နဲ့ 4C စတဲ့စမတ်ဖုန်းတွေဟာ လာမယ့် ဖေဖော်ဝါရီလဆို update ရနိုင်ပါပြီ။

သတိမထားမိတဲ့သူတွေအတွက် Huawei က လုပ်မယ့် ပွဲတွေရှိပါသေးတယ်။ ဒီတစ်ပတ်ထဲမှာ Kirin 950 နဲ့ ဒီလအကုန်မှာ Mate 8 တို့ကို ထုတ်သွားဖို့ရှိတယ်လို့ မျှော်လင့်ရပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref: Gsmarena
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment