Powered by Blogger.

နောက်ကြောင်းလိုက်မရတဲ့ Private Browsing ကို Firefox က လူတိုင်းအတွက် မိတ်ဆက်




သင့်လက်ရှိ Web Browser မှာပါတဲ့ Private Browsing Mode ရဲ့ private လိုမျိုးတော့ မဟုတ်တာ သေချာပါတယ်။ အဲ့ဒါက သင်သုံးခဲ့တဲ့ History နဲ့ Cookies တွေကို ဖယ်ရှားပေးတာပါ။ ဒါပေမဲ့ cross-site trackes တွေက ခင်ဗျားဘာလုပ်နေတယ်ဆိုတာ သိနေတာမျိုးကို တားဆီးမရပါဘူး။

ဒီပြဿနာနဲ့ ရင်ဆိုင်ဖို့က အလွယ်လေးဖြစ်သွားပါပြီ။ Mozilla က သူကတိပေးခဲ့တဲ့အတိုင်း အပြီးသတ်ဗားရှင်းကို ထုတ်ပေးလိုက်ပါပြီ။ Private Browsing Mode ထက်ကို ပိုပြီး တင်းကြပ်မှုတွေ များပါတယ်။ ဒီ Private Browsing ကိုဖွင့်လိုက်ပါ။

နောက်ကြောင်းပြန်လိုက်ခြင်း အန္တရာယ်ကနေ တားဆီးပေးနိုင်မှာဖြစ်ပါတယ်။ Privacy နဲ့ security ကို စီမံခန့်ခွဲဖို့အတွက် Desktop ပေါ်မှာ control panel လဲထားရှိပေးထားမှာပါ။ အရေးကြီးတဲ့ စာမျက်နှာတစ်ခုကို ဒီ Private Mode က ဖွင့်ကြည့်မရအောင် လုပ်နေတယ်ဆိုရင် Tracking protection ကို ပိတ်ထားနိုင်တဲ့ ရွေးချယ်ချက်ကအစ ရပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref:engadget





Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment