Powered by Blogger.

အား အမြန် သွင်းနိုင်တဲ့ဘက်ထရီတွေကို Huawei စတင်မိတ်ဆက်




လွန်ခဲ့တဲ့အပတ်က ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ၅၆ ကြိမ်မြောက် ဘက်ထရီနည်းပညာတွေ့ ဆုံဆွေးနွေးပွဲမှာ Huawei ဟာ  မြန်ဆန်စွာ အားသွင်းနိုင်တဲ့ ဘက်ထရီကို စတင်မိတ်ဆက်ခဲ့ပါတယ်။

လီသီယန်-အိုင်ယွန် ဘက်ထရီတွေဟာ သာမန်ဘက်ထရီဓာတ်ခဲတွေထက် ဆယ်ဆ ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်ပြီး ဘက်ထရီရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ငါးမိနစ်အတွင်းမှာ သွင်းနိုင်တယ်လို့ ဆိုပါတယ်။

Nagoya မြို့ မှာပြုလုပ်ခဲ့တဲ့ အဆိုပါစာတမ်းဖတ်ပွဲမှာ Huawei ဟာ နှစ်မိနစ်အတွင်း အား ၆၈ ရာခိုင်နှုန်း သွင်းနိုင်တဲ့ 600mAh ဘက်ထရီ နဲ့ ငါးမိနစ်အတွင်း ၄၈ ရာခိုင်နှုန်း အားပြည့်နိုင်ကာ Huawei ဖုန်းတွေမှာ ၁၀ နာရီကြာဖုန်းပြောနိုင်မယ့် 3000 mAh ဘက်ထရီတုံး နှစ်မျိုးရဲ့ ဗီဒီယိုကို မိတ်ဆက်ပြသခဲ့ပါတယ်။

Huawei နည်းပညာကော်ပိုရေးရှင်းရဲ့ ဗဟိုသုတေသနစင်တာက Watt Lab က ဒီဘက်ထရီကို ပြုလုပ်ထားတာ ဖြစ်ပြီး ဘက်ထရီရဲ့ စွမ်းအင်သိုလှောင်နိုင်တဲ့ပမာဏနဲ့ ဘက်ထရီရဲ့သက်တမ်းကို ထိခိုက်စေမှုမရှိဘဲ အားသွင်းနှုန်း ပိုမိုမြန်ဆန်အောင် ပြုလုပ်ဖန်တီးထားတာဖြစ်ပါတယ်။

“ အားအမြန်သွင်းဘက်ထရီပိုင်းမှာ ဒီအောင်မြင်မှုက အီလက်ထရောနစ်ပစ္စည်းတွေ၊ အထူးသဖြင့် မိုဘိုင်းဖုန်း၊ အီလက်ထရောနစ်ကားတွေနဲ့ ဝတ်ဆင်နည်းပညာပစ္စည်း၊ မိုဘိုင်းအားသွင်းစက်တွေမှာ ပြောင်းလဲမှုအသစ် တစ်ရပ်ကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ Huawei က အခိုင်အမာယုံကြည်ပါတယ်။ မကြာခင်မှာ ကျွန်တော်တို့ ဟာာ  ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တဲ့အချိန်လေးမှာတင် ကျွန်တော်တို့ ရဲ့ ဘက်ထရီတွေကို အားအပြည့်သွင်းနိုင်တော့မှာဖြစ်ပါတယ်” လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီဘက်ထရီတွေကို ဈေးကွက်ဝင်ဘယ်တော့သုံးမလဲဆိုတာကိုတော့ Huawei က ကြေငြာခြင်း မရှိခဲ့ပါဘူး။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : pcmag

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment