Powered by Blogger.

Anonymous ဟက်ကာအဖွဲ့က ISIS အဖွဲ့ရဲ့ တပ်သားသစ်စုဆောင်းရေးနဲ့ ၀ါဒဖြန့်ချီရေး ယန္တရားကို စတင်တိုက်ခိုက်




ကမ္ဘာကျော် ဟက်ကာ အဖွဲ့ဖြစ်တဲ့ Anonymous ဟာ ISIS အဖွဲ့ဝင် တပ်သားစုဆောင်း စည်းရုံးရေးသမားတွေရဲ့ အမည်နဲ့ လိပ်စာတွေကို စတင်ဖော်ထုတ်ပြလိုက်ပါပြီ။

မျက်နှာဖုံးစွပ်ထားတဲ့ ဟက်ကာ အဖွဲ့ဟာ အစ္စလာမ် ဘာသာရေးအစွန်းရောက် အဖွဲ့ IS ကို ပါရီ အကြမ်းဖက်မှု အပြီးမှာ စစ်ကြေညာလိုက်တာဖြစ်ပါတယ်။ အခုတော့ စစ်ဆင်ရေးရဲ့ ပထမဆုံး ခြေလှမ်းအနေနဲ့ အကြမ်းဖက်အဖွဲ့ရဲ့ တပ်သားသစ် စုဆောင်ရေး သမား ၅ ယောက်ရဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ထုတ်ပြလိုက်ပြီး သံသယ ရှိဖွယ် တွစ်တာ အကောင့် ၅၅၀၀ ကို လည်း ဖျက်ဆီးလိုက်နိုင်ခဲ့ပါတယ်။

လက်ရှိဖော်ထုတ်ထားပြီးတဲ့ စည်းရုံးရေးသမား တွေဟာ အာဖဂန်နစ္စတန် နိုင်ငံ ၊ တူနီးရှား နိုင်ငံ နဲ့ ဆိုမားလီယား နိုင်ငံ တို့မှာရှိနေတဲ့ IS အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Anonymous အဖွဲ့က ကြေညာထားတာကတော့ သူတို့လက်ထဲမှာ ဥရောပ တိုက်အတွင်းရောက်ရှိနေတဲ့ အဆင့်မြင့် စည်းရုံးရေးသမားတွေ ကိုလည်း သိရှိထားပြီးဖြစ်တယ်ဆိုတာပါပဲ။ ဒါပေမယ့်လည်း လိပ်စာတွေကိုတော့ထုတ်ဖော်ကြေညာ ခြင်းမရှိသေးပါဘူး။

Anonymous အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တွေက အခိုင်အမာဆိုထားတာကတော့ သူတို့အဖွဲ့ဟာ IS အဖွဲ့ကို ထောက်ခံသူ အယောက် ၅၅၀၀ ရဲ့ တွစ်တာ အကောင့်တွေကို ဖျက်ဆီးလိုက်ပြီဖြစ်တဲ့အတွက် ဒီတစ်ကြိမ်မှာ IS အဖွဲ့ရဲ့ တပ်သားသစ်စုဆောင်း စည်းရုံးရေးနဲ့ ၀ါဒ ဖြန့်ချီရေး ယန္တရားကို အထိနာစေခဲ့ပြီ ဆိုတာပါပဲ။

GhostSec လို့ခေါ်တဲ့ ဟက်ကာ အဖွဲ့ဟာလည်း ပါရီအကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့လည်း ပူးပေါင်းပါဝင်ကူညီ ပေးနေ ပါသေးတယ်။ ထို ကဲ့သို့ ဆိုက်ဘာ တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့ရာမှာ Anonymous အဖွဲ့က DDos ဆိုတဲ့ ဒစ်ဂျစ်တယ်လက်နက်ကို အသုံးပြုခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment