လာမယ့် iPhones တွေမှာ ရေစိုသွားရင် စပီကာပေါက်ကနေ ရေကိုစစ်ထုတ်ကာ အလိုအလျောက်အခြောက်ခံ စနစ်ပါဝင်မှာဖြစ်
ကိုယ်ကိုင်နေတဲ့ iPhone လေး အရည်တစ်ခုခုထဲ ပြုတ်ကျသွားပြီဆိုရင် ကျွန်တော်တို့ ပထမဦးဆုံး လုပ်မိတာက ဆန်ပုံးထဲထည့်တာပါပဲ။
ဒါပေမယ့် Apple က တင်သွင်းထားတဲ့ မူပိုင်ခွင့်လျှောက်လွှာတစ်ခုအရ Apple ဟာ ဖုန်းထဲဝင်နေတဲ့ ရေတွေ ပြန်ထုတ်နိုင်ဖို့ အတွက် ပိုမိုအဆင့်မြင်တဲ့နည်းလမ်းတစ်ခုကို ဖော်ဆောင်နေကြောင်း သိရှိရပါတယ်။
အမေရိကန်မူပိုင်ခွင့်နဲ့ ကုန်အမှတ်တံဆိပ်ရုံးက ထုတ်ပြန်ခဲ့တဲ့ Apple မူပိုင်ခွင့်လျှောက်လွှာမှာ လျှပ်စစ်ဓာတ်အားသုံးကာ မိုက်ခရိုဖုန်းနဲ့  စပီကာအပေါက်တွေကနေ အရည်ကို စစ်ထုတ်နိုင်ပုံ နည်းလမ်းအသေးစိတ်ကို ဖော်ပြထားတာ တွေ့ ရှိခဲ့ရပါတယ်။ ဒီ စနစ်ဟာ ဖုန်းထဲမှာ ရေ၀င်သွားပြီဆိုတာကို ဖိအား၊အလင်းလှိုင်းအလျား နဲ့ အစိုဓာတ် အာရုံခံကိရိယာတွေကနေ သိရှိနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ မူပိုင်ခွင့်လျှောက်လွှာမှာပါတဲ့ နောက်ထပ်တီထွင်မှုအသစ်တစ်ခုကတော့ စပီကာပေါက်အပြင်ဘက်မှာ လျှပ်စစ်အမဓာတ် ပါဝင်တဲ့ ဆန်ခါတစ်ခုတပ်ကာ ဖုန်းထဲရေ၀င်ခြင်းကို တားဆီးပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ စပီကာထဲရေ၀င်နေပြီဆိုရင်တော့ အဆိုပါဆန်ခါစခရင်မှာ လျှပ်စစ်အဖိုဓာတ်သုံးပြီး ရေကို ဖုန်းအပြင်ရောက်အောင် ဆွဲထုတ်မှာဖြစ်ပါတယ်။
နောက်ဆုံး ရေစိုခံနည်းလမ်းတစ်ခုကတော့ စပီကာကနေ ထွက်ရှိတဲ့အသံလှိုင်းတွေကိုအသုံးပြုကာ ဖုန်းထဲကနေ ရေကို စစ်ထုတ်ပေးမှာဖြစ်ပါတယ်။
Apple ဟာ သူတို့ ဖုန်းတွေ ရေစိုခံနိုင်တယ်ဆိုတာ ဘယ်တော့မှ တရားဝင်ပြောကြားခဲ့ခြင်းမရှိဖူးဘဲ၊ ဖုန်းတွေ ရေ/အရည်ကြောင့် ပျက်စီးမှုကို ခုခံတားဆီးနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။
( Ye Wint )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Dailymail
0 comments:
Post a Comment