Powered by Blogger.

ကာတွန်းစာအုပ် ချစ်သူများအတွက် Google Play Books ကို အပြောင်းအလဲလုပ်



ComiXology နဲ့ Marvel Unlimited တို့လို App တွေနဲ့ ကာတွန်းစာအုပ်တွေ ဖတ်လို့တော့ ရနေပါတယ်။ Google ကလည်း သူ့ပရိသတ်တွေနဲ့ ပိုနီးစပ်ဖို့ရာ ကြိုးစားလုပ်ဆောင်နေပါတယ်။

Play Booksမှာ ကာတွန်းတွေ အလွယ်တကူရှာဖတ်လို့ ရလာအောင် ရွေးချယ်ချက်သစ်တွေ မကြာမှီ ရရှိလာဖို့ ရှိပါတယ်။ ပထမဆုံး Google Play က လှန်လှောဖတ်ရှု (scrolling) လုပ်ဖို့အတွက်ကို လုပ်ပေးမှာပါ။ မိုဘိုင်းတွေနဲ့ ဖတ်ရှုရာမှာ ရှုပ်ထွေးခြင်းမရှိအောင် ဘေးတိုက်ဖတ်လို့ရတဲ့ ပုံစံနဲ့ပေါ့။ တစ်ခုခုကို ရှာဖွေဖတ်ရှုရာမှာလည်း စုစည်းရွေးချယ်ထားတဲ့ စာမျက်နှာတွေ၊ ဖတ်လို့ကောင်းမယ့် ကာတွန်းတွေအတွက်  အကြံပေးတာတွေ၊ ထုတ်ဝေမှု နဲ့ အတွဲအမှတ်စဉ်အလိုက် ရွေးချယ်နိုင်မှုတွေကို စီစဉ်ပေးခြင်း စတာတွေကိုလည်း Google က ပေါင်းထည့်ပေးမှာပါ။

ကာတွန်းစာအုပ်ဖတ်သူ လူအများအတွက် အဓိကရည်ရွယ်ပြီး Play Books ကို အပြောင်းအလဲလုပ်တာဟာ ဒါ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ Google ကပြောပါတယ်။

Android မှာ နောက် ရက်အနည်းငယ်ဆို စရမှာဖြစ်ပြီး၊ iOs အတွက်ကတော့ မကြာမီလာမည်မျှော်ပါ။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: the Verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment