ဒီနှစ်ပိုင်းအတွင်းမှာ၊ Raspberry Pi ဖောင်ဒေးရှင်းဟာ တက္ကသိုလ်တွေနဲ့ ဝါသနာရှင်တွေကို ကိုယ်တိုင်လုပ် ကွန်ပျူတာ ပရောဂျက်တွေ ဖန်တီးနိုင်ဖို့အတွက် တစ်ပိုင်တစ်နိုင် ဘုတ်တွေကို ဖန်တီးပေးခဲ့ပါတယ်။ ဒီနေရာမှာတင် ရပ်မသွားခဲ့ပါဘူး။ ဒီနေ့ Raspberry Pi ကုမ္ပဏီဟာ ပရိုဂရမ်ရေးလို့ရတဲ့ နောက်ဆုံးပေါ် ကွန်ပျူတာ ဘုတ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ဒီ ကွန်ပျူတာ ဘုတ်တစ်ခုကို ၅ ကန်ဒေါ်လာ ပဲပေးရပါမယ်။ Broadcom BCM2835 အပလီကေးရှင်း ပရောဆက်ဆာ ( 1GHz ARM11 core) ကို အသုံးပြုထားပြီး RAM အနေနဲ့ 512 MB ပါရှိပါမယ်။ microSD ကတ် ဆိုက်လို့ရပြီး 1080p (60 frames per second) အရည်အသွေးကို အထောက်အပံ့ပေးတဲ့ mini-HDMI ပေါက် ပါရှိပါတယ်။ micro-USB ပေါက်တွေလည်း ပါရှိပါတယ်။
ဒီကွန်ပျူတာဟာ အရွယ်အစား အလွန်သေးပေမဲ့ လုပ်ဆောင်နိုင်စွမ်း တော်တော်များတယ်လို့ သိရပါတယ်။ အရွယ်အစားက 65mmx 30mm ဆိုတဲ့အတွက် credit ကတ်ထက်တောင်မှ သေးပါသေးတယ်။
( Skyler )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: engadget
0 comments:
Post a Comment