Powered by Blogger.

ရုရှား၏အကြီးဆုံး ဒေတာစင်တာကို နျူကလီးယားစွမ်းအင်ဖြင့် လည်ပတ်မည်




Telecom Daily သတင်းဌာန၏ ထုတ်ပြန်ကြေညာချက်အရ၊ Rosensergoatom စွမ်းအင်ကုမ္ပဏီဟာ ရုရှားနိုင်ငံရှိ အကြီးဆုံး ဒေတာစင်တာကို ဆောက်လုပ်နေတယ်လို့ သိရပါတယ်။ နောက်ပြီး ၄င်းကို Kalinin ဓာတ်အားပေးစက်ရုံ ၏ ထိပ်ဘက်တွင် ထားရှိမယ်လို့ ဆိုပါတယ်။

မော်စကို အနောက်မြောက်ဘက် မိုင် ၁၂၀ အကွာခန့်မှာ တည်ရှိတဲ့ ဒီ နျူကလီးယားသုံး ဓာတ်အားပေးစက်ရုံဟာ ဒေတာစင်တာမှာသုံးဖို့လိုအပ်တဲ့ ၈၀ မီဂါဝပ် ကို ထောက်ပံ့ပေးသွားမှာပါ။ တည်ဆောက်မှုစရိတ်ဟာ ကန်ဒေါ်လာ ၉၇၅ သန်း ကျကုန်မယ်လို့ ခန့်မှန်းရပါတယ်။

ဒေတာစင်တာရဲ့ ၁၀ရာခိုင်နှုန်းကို Rosensergoatom ကုမ္ပဏီအသုံးအတွက် ချန်ထားမှာဖြစ်ပြီး ကျန်တာကို စီးပွားရေးဆိုင်ရာ customer တွေက အသုံးပြုမယ်လို့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment