Powered by Blogger.

အလင်းရောင်နည်းနည်းနဲ့ ရိုက်နိုင်မယ့် နောက်ဆုံးပေါ်ကင်မရာကို Samsung ကြေညာ




သင့်ရဲ့ စမတ်ဖုန်းမှာ အလင်းရောင်နည်းနည်းနဲ့ ဓာတ်ပုံရိုက်ရလို့ စိတ်ညစ်နေပါသလား။ Samsung မှာ သင့်အတွက် ဖြေရှင်းချက်ရှိပါတယ်။ ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူ ညီလာခံမှာ Samsung က BRITECELL လို့ခေါ်တဲ့ ကင်မရာသစ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

BRITECELL က အမှောင်ထုကြီးစိုးနေတဲ့အချိန်မှာတောင် ရိုက်ကူးစေနိုင်မှာပါ။ ဒီကင်မရာက ပိုပြီးလင်းလာဖို့၊ ပိုပြီးပြတ်သားဖို့ကို လုပ်ဆောင်ပေးမှာပါ။ စမတ်ဖုန်းအများစုမှာ သုံးထားတဲ့ Bayer filter ကို ရှောင်ထားပါတယ်။ BRITECELL မှာ အလင်းမှုန်တွေကို အစိမ်းရောင်ပြောင်းပေးပြီး အလင်းမှုန်တွေ ဆင်ဆာကိုလာရိုက်ခတ်ခြင်းကို ကာကွယ်ပေးတဲ့ filter ကို အသုံးပြုထားပါတယ်။

Samsung ဟာ ကင်မရာမှန်ဘီလူးကို အလင်းတွေအများကြီး ဝင်လာစေတဲ့ အဖြူရောင် အလင်းမှုန်တွေကို အစိမ်းရောင် အလင်းမှုန်တွေနဲ့ အစားထိုးလိုက်တာပါ။ ဈေးကွက်ထဲမှာရှိတဲ့ တခြား ကင်မရာတွေနဲ့ ယှဉ်လိုက်ရင်လည်း BRITECELL က ၁၇ ရာခိုင်နှုန်း ပိုပါးတယ်လို့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment