Powered by Blogger.

Selfie ရိုက်တံ နဲ့ ခုခံတိုက်ခိုက်ပုံကိုသင်ကြားပေးတဲ့ ကိုယ်ခံပညာရပ်သင်တန်း ပေါ်ပေါက်လာ




ကိုယ်ခံပညာသင်တန်းတွေရဲ့ လေ့ကျင့်ရေးလက်နက်ပစ္စည်းတွေအဖြစ် နံချပ်ကူတွေကို မေ့ပစ်လိုက်ပါ။ အခုအခါ အလွန်ကြောက်စရာကောင်းတဲ့လက်နက်တစ်ခုပေါ်လာပါပြီ။ ဒါကတော့ selfie stick တွေပဲ ဖြစ်ပါတယ်။

တခြား ကိုယ်ခံလက်နက်တွေနဲ့ မတူတာကတော့၊ Selfie stick ဟာ လုံးဝတရားဝင်ဖြစ်ပြီး လေယာဉ်တွေပေါ်မှာ တောင် သယ်သွားလို့ ရပါတယ်။
Selfie stick တွေပေါ်မှာတင်ထားတဲ့ တန်ဖိုးကြီးဖုန်းတွေဟာ သူခိုးတွေရဲ့မျက်စိကျစရာဖြစ်လာပြီးနောက်မှာ မကြာခဏခရီးသွားတတ်သူတွေနဲ့  ကမ္ဘာလှည့်ခရီးသည်တွေအတွက် Selife ရိုက်တံနဲ့ တိုက်ခိုက်နည်းကို သင်ပေးသွားမှာဖြစ်တယ်လို့  ကိုယ်ခံပညာသင်တန်းအဖွဲ့ က ဆိုပါတယ်။

ရုရှားနိုင်ငံ၊ မော်စကိုမှာရှိတဲ့ M-PROFI ခေါ် ကိုယ်ခံပညာစင်တာက မန်နေဂျာတွေရဲ့ ပြောပြချက်အရ ဒီသင်တန်းစပြီးနောက်မှာပဲ သင်တန်းချိန်တိုင်းမှာ လူပြည့်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

“ တိုင်းခြားပြည်ခြားကိုခရီးသွားနေတဲ့ တိုးရစ်တစ်ယောက်အတွက် selfie stick ကပဲ သူ့ ရဲ့ အားကိုးရာ လက်နက်တစ်ခုဖြစ်ပါတယ်။ အားသာချက်နောက်တစ်ခုကတော့ ကိုယ့်လက်ထဲမှာလည်း အဆင်သင့်ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

“ လက်ကိုင်အိတ်ထဲမှာထည့်ထားတဲ့ ငရုတ်ကောင်းဖြန်းဘူးတွေနဲ့ ရှော့ရိုက်သေနတ်တွေကလည်း အသုံးဝင်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို အိတ်ထဲက ဆွဲထုတ်နေရတဲ့အချိန်မှာ ကိုယ်ခံသွားရပါလိမ့်မယ်။ Selfie stick ကတော့ ချက်ချင်းဆိုသလိုအသုံးချနိုင်ပါတယ်” လို့  သင်တန်းရဲ့ပြောရေးဆိုခွင့်ရှိသူ Daria Lapshina က ရှင်းပြခဲ့ပါတယ်။

Selfie stick ကိုယ်ခံပညာရပ်မှာ အဆင့်ငါးဆင့်ရှိပြီး အခြေခံကိုတော့ ၁၅ မိနစ်အတွင်း သင်နိုင်တယ်လို့ ဆိုပါတယ်။ Monopod fighting လို့ ခေါ်တဲ့ တုတ်တစ်ချောင်းနဲ့ တိုက်ခိုက်နည်းဟာ ထိုင်း လက်ဝှေ့ ပညာရပ်၊ တခြားကိုယ်ခံပညာရပ်ပေါင်းစုံနဲ့ သင်ကြားသူတွေရဲ့ ကိုယ်ပိုင်အတွေ့ အကြုံတွေကို ပေါင်းစပ်ဖန်တီးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ Selfie stick မှာ ကိုယ့်တန်ဖိုးကြီးဖုန်းကို တပ်ထားတဲ့အခါ၊ ကိုယ့်ကိုလာတိုက်ခိုက်တဲ့လူကို ပြန် တိုက်ခိုက်ရင် ဖုန်းကွဲကြေမှာကို စိုးရိမ်စရာမလိုဘဲ၊ တကယ်လို့ ဖုန်းတပ်ထားရင်လည်း လက်ကိုင်ကို အသုံးပြုပြီး ပြန်တိုက်ခိုက်နည်းကို သင်ပေးထားတယ်လို့  ဆိုပါတယ်။



( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment