Powered by Blogger.

ကန်ဒေါ်လာ ၁၈၉၅၀ တန် 'Super Mario Bros' Limited Edition နာရီ





သင်ဟာ Nitendo ပရိသတ် တစ်ယောက်ပါလား။ Super Mario ကိုရော ဘယ်လောက်တောင် ကြိုက်ပါသလဲ။ ကားတစ်စီးကောင်းကောင်း ဝယ်လို့ရတဲ့ ပိုက်ဆံနဲ့ ဇိမ်ခံနာရီတစ်လုံးကို ဝယ်ယူဖို့ သင့်မှာ လုံလုံလောက်လောက် ပိုက်ဆံပေါပါသလား။ ဒါဆိုရင်တော့ ဇိမ်ခံနာရီတွေ ထုတ်ရောင်းတဲ့ Romain Jerome နဲ့ပဲ ပြောကြည့်လိုက်ပါတော့။

Romain Jerome ဟာ ကန်ဒေါ်လာ ၁၈၉၅၀ တန် Limited Edition ဇိမ်ခံနာရီတစ်လုံးကို ထပ်မံထုတ်လုပ်လိုက်ပါတယ်။ ဒီနာရီကို 'Super Mario Bros' လို့ နာမည်ပေးထားပါတယ်။ Super Mario ရဲ့ နှစ်သုံဆယ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်ထားတာပါ။

ဒီနာရီကို အနက်ရောင် တိုက်တေနီယံ နာရီအိမ်နဲ့ ပြုလုပ်ထားပါတယ်။ ဒိုင်ခွက်ကို အလွှာသုံးလွှာနဲ့ ပြုလုပ်ထားပြီး ကြွေရည်သုတ် pixel မာရီယိုရုပ်လေးက အစောပိုင်းကာလမှာ ကျွန်တော်တို့ ဆော့ခဲ့တဲ့ မာရီယိုဂိမ်းကို အမှတ်ရစေမှာပါ။ စတိုင်ကျကျ ဈေးကြီးတဲ့ ပုံ တော်တော်လေးပေါက်ပါတယ်။ ဒါပေမဲ့ သိပ်ကို ဈေးကြီးလွန်းတဲ့ ကန်ဒေါ်လာ ၁၈၉၅၀ တန်နာရီတစ်လုံးကို ဝယ်ဖို့ကတော့ မာရီယိုဂိမ်းကို အရမ်း မမြတ်နိုးဘဲ၊ သင်ကိုယ်တိုင်ကလဲ အရမ်းမချမ်းသာဘဲ မရပါဘူး။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment