Powered by Blogger.

နေစွမ်းအင်ကို သန့်စင်သော လောင်စာအဖြစ် ဈေးချိုချို၊ ရိုးရှင်းစွာဖြင့် ပြောင်းလဲနိုင်ပြီ



လူလုပ်အလင်းနှင့်အစာဖွဲ့စည်းခြင်း (ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အနာဂတ်လောင်စာ အဖြစ်ပြောင်းလဲခြင်း) ကို သိပ္ပံပညာရှင်တွေဟာ ထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်ပေမယ့် ၄င်းသည် ယခုထက်တိုင် ဆန်းပြားတဲ့လုပ်ငန်းစဉ် အဖြစ်ပဲ ရှိပါသေးတယ်။ ဒီလိုလုပ်လိုက်တာနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပေးနေတဲ့ အပင်တွေနေရာမှာ အစားထိုးနိုင်ဖို့ရာ မနီးစပ်သေးပါဘူး။

ဒါပေမဲ့ ဒါကို လက်တွေ့လုပ်ဆောင်နိုင်ဖို့အတွက် ဖလော်ရီဒါပြည်နယ် တက္ကသိုလ်က သုတေသီတွေဟာ နည်းလမ်းတစ်ရပ် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူတို့ဟာ အလွှာတစ်ထပ်တည်းရှိတဲ့ မန်ဂနိ အောက်ဆိုဒ် ပစ္စည်းကို တီထွင်ခဲ့ပါတယ်။ ၄င်းက နေအလင်းရောင်ကို လုံလုံလောက်လောက် ထိန်းသိမ်းထားမှာဖြစ်ပြီး နေစွမ်းအင်ကို ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်အဖြစ် အလွယ်တကူဖြိုကွဲပေးမှာပါ။

လက်ရှိ ဆိုလာဆဲလ်တွေလိုမျိုး နေအလင်းရောင်ရယူရေး နည်းစနစ်တွေမှာတောင် အလုပ်လုပ်ဆောင်ဖို့အတွက်ကို အလွှာတွေအများကြီးလိုအပ်ပြီး စရိတ်ကလည်း သက်သာပြီး လွယ်ကူဖို့ကို ဝေးစွပါပဲ။

သိပ္ပံပညာရှင်တွေ ယခုတီထွင်လိုက်တဲ့ အလွှာတစ်ထပ် မန်ဂနိအောက်ဆိုဒ် ပစ္စည်းကို တကယ့်လက်တွေ့မှာ ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတာ သိမြင်နိုင်ဖို့ လွယ်ကူပါတယ်။ ဒါပေမဲ့ စမ်းသပ်အဆင့်ပဲရှိပါသေးတယ်။ ဟိုက်ဒြိုဂျင်နဲ့ မောင်းရတဲ့ကားတွေဟာ သူကိုယ်တိုင် သူ့အထောက်အပံ့ကို ထုတ်လုပ်နိုင်မှာဖြစ်ပြီး အထူးခေါင်းမိုးတွေပါတဲ့ အိမ်ဟာလည်း အထူးအပင်အခင်းတွေ မလိုအပ်ဘဲနဲ့ အောက်ဆီဂျင်ကို ထုတ်လုပ်ပေးနိုင်မှာပါ။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment