Powered by Blogger.

UAE နိုင်ငံသားခံယူလိုက်တဲ့ "သစ္စာဖောက်" ခေါ်ခံရသူ အီဂျစ်နိုင်ငံသားလူငယ် တီထွင်သူ



UAE နိုင်ငံသား ခံယူလိုက်တဲ့ အီဂျစ်နိုင်ငံသား လူငယ်တီထွင်သူ တစ်ယောက် အကြောင်း သတင်းတွေဟာ သတင်းခေါင်းစီးတွေမှာ နာမည်ကြီးခဲ့ပြီး လူမှုမီဒီယာပေါ်မှာ အစွန်းရောက် တုံ့ပြန်ချက်တွေလည်း ရရှိခဲ့ပါတယ်။

အသက် ၁၇နှစ် ရှိပြီဖြစ်တဲ့ Mostafa Magdi Al Sawi ဟာ ၈တန်းကတည်းက စမတ်ရေကာတာ တည်ဆောက်မှုအတွေးအမြင်ကို တီထွင်ဖန်တီးခဲ့သူပါ။ လျှပ်စစ်စွမ်းအင် ကင်းမဲ့ခြင်း၊ ရေပြတ်လပ်ခြင်း စတဲ့ ပြဿနာတွေကို ဖယ်ထုတ်ဖို့အတွက်လို့ သိရပါတယ်။

အီဂျစ်သတင်းစာ AI Masry AI Youm ရဲ့အဆိုအရ၊ ဒီအကြံအစည်ဟာ "ပင်လယ်ထဲက ရေကိုကုန်းလျှောလုပ်ပြီး လှည့်လည်ကာ ၆၀၀ မီဂါဝဘ်ရှိ တာဘိုင် ၇ ခုသို့ ပေးပို့ရန် ရေကာတာဆောက်ဖို့" ဖြစ်တယ်လို့ သိရပါတယ်။ မြေပြင် လေထက်ကို ၇၀ရာခိုင်နှုန်း ပြင်းထန်တဲ့ မျက်နှာပြင် လေအသုံးကို ဖန်တီးပြီး ပြုလုပ်မှာ ဖြစ်ပါတယ်။

UAE နိုင်ငံဟာ သူ့ရဲ့ ဇ (talent) ကို ချီးမြှောက်ပြီး သူ့ကို အကောင်းဆုံးကျောင်းမှာထားပေးခဲ့ကြောင်း၊ နိုင်ငံသားအဖြစ်လည်း အပ်နှင်းခဲ့ကြောင်း၊ ဒီအတွက် နိုင်ငံတကာပွဲတွေမှာ UAE နိုင်ငံကို သူ ကိုယ်စားပြုမှာဖြစ်ကြောင်း AI Sawi ကပြောပြခဲ့ပါတယ်။

AI Swai ဟာ သူ့နိုင်ငံကို စွန့်ပစ်ပြီး UAE နိုင်ငံကို ကိုယ်စားပြုခဲ့တဲ့အတွက် လူမှုကွန်ရက်က လူတွေဟာ သူ့ကို 'သစ္စာဖောက်' လို့ ခေါ်ခဲ့ကြပါတယ်။

"UAE က ကျွန်တော့်ကို အရာရာပေးတယ်။ အီဂျစ်က ဘာမှမပေးဘူး။" လို့ AI Swai က သတင်းစာကို ပြောပြခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: Yahoo!
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment