Powered by Blogger.

မြက်ခင်းတွေ ရေဆာမှသာ ရေဖြန်းပေးမယ့် စမတ်ရေဖြန်းကိရိယာ



အပင်တွေ တကယ်ရေလိုအပ်မှ ရေဖြန်းပေးမယ့် စမတ်ရေဖြန်းကိရိယာတစ်ခုကို ETwater ကုမ္ပဏီကနေ ထုတ်လုပ်လိုက်ပါပြီ။

သင့်ရဲ့ ရေဖြန်းကိရိယာမှာ Timer (အချိန်သတ်မှတ်) စနစ်ကို ထည့်သွင်းထားခြင်းဟာ သင့်အပင်တွေကို အချိန်ကိုက် ရေမဖြန်းမိခြင်းကို ရှောင်ရှားဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အချိန်သတ်မှတ်ထားပြီး ပြန်ဖြုတ်ဖို့ မေ့သွားတာမျိုးက အကောင်းဆုံး နည်းလမ်းမဟုတ်ပါဘူး။ မိုးရွာတဲ့ အပတ်အတွင်းမှာ Timer ကို ဖြုတ်ဖို့ မေ့သွားတယ်ဆိုရင် ဘာဖြစ်ပါမလဲ။ ဒါဆိုရင် ရေတွေကို ဖြုန်းတာဖြစ်ပြီး အပင်တွေကို ရေနှစ်သတ်နေတာပါပဲ။ ET water လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုက ပိုကောင်းတဲ့ အလိုအလျောက် ဖြေရှင်းချက်တစ်ခုကို ထုတ်ပေးလိုက်ပါတယ်။ ဒါကတော့ အပင်တွေ ရေတကယ်လိုအပ်မှ ရေဖြန်းပေးမယ့် စမတ်ရေဖြန်းကိရိယာပါပဲ။

ETwater ရဲ့ ရေဖြန်းကိရိယာဖြေရှင်းချက်မှာ အာရုံခံကိရိယာ ပေါင်းစပ်မှုကို အသုံးပြုထားပါတယ်။ သင့်အပင်တွေက ရေဘယ်လောက်များများ လိုအပ်တယ်ဆိုတာကို တွက်ချက်ဖို့ လက်ရှိရာသီဥတု အချက်အလက်ကိုလည်း ကြည့်ပေးပါတယ်။ အကယ်၍ မိုးရွာနေတယ်ဆိုရင်၊ ဒီတစ်ပတ်အတွင်းမှာ စနစ်က ရေနည်းနည်းပဲ ဖြန်းပေးတော့မှာပါ။

ဒီရေဖြန်းကိရိယာက မြေအနေအထားကိုလည်း လိုက်ကြည့်ပေးပါတယ်။ မြေဆီလွှာနဲ့ အပင်အမျိုးအစား၊ မြေလျှောစောက်၊ ရေကုန်သွားလျှင် ထပ်ဖြည့်ပေးမှု  စတာတွေကိုပါ ထိန်းညိပေးမယ်လို့ သိရပါတယ်။

ETwater ရဲ့စနစ်ဟာ ရေသုံးစွဲမှုကို ၅၀ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ETwater ကုမ္ပဏီကပြောပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment