Powered by Blogger.

၆၅ လက်မ နဲ့ ၁၂၀ လက်မ အသီးသီး ကျယ်ဝန်းတဲ့ မျက်နှာပြင်တွေနဲ့ တီဗွီ ၂ လုံးကို Vizio ထုတ်လုပ်




သတင်းတွေထွက်ပေါ်ပြီး ၁ နှစ်ကျော်လောက် အကြာမှာတော့ Vizio အမှတ်တံဆိပ်ဟာ Reference Series ဆိုတဲ့ အမျိုးအစားတွေထဲက အရည်အသွေးမြင့် တီဗွီ ၂ လုံးကို ထုတ်လုပ်လိုက်ပါတယ်။

ထို တီဗွီ ၂ လုံးကတော့ အရည်အသွေးလည်း ကောင်းမွန်သလောက် ဈေးနှုန်းကလည်း မြင့်မားလွန်းလှပါတယ်။ ၆၅ လက်မ မျက်နှာပြင် Ultra HD တီဗွီ ကိုတော့ ဒေါ်လာ ၆၀၀၀ နဲ့ ရောင်းချမှာ ဖြစ်ပြီး ထို တီဗွီမှာတော့ Dolby ရဲ့ HDR နည်းပညာ ကို ထည့်သွင်းထားပါတယ်။

ဒီ့ထက် ကြီးတဲ့ တီဗွီ ဆိုရင်တော့ ၁၂၀ လက်မ မျက်နှာပြင် ကျယ်ဝန်းတဲ့ တီဗွီကို ဒေါ်လာ ၁၃၀,၀၀၀ ခန့်အထိ တန်ဖိုးရှိနေပါတယ်။ ထို ၆၄ လက်မ မျက်နှာပြင် ရှိပြီး 4K Resolution ကြည်လင်ပြတ်သားမှု ရှိတဲ့ တီဗွီဟာ LCD အမျိုးအစား ဖြစ်ပေမယ့် LED နောက်ခံ အလင်းရောင်လည်း ပါဝင်ပါတယ်။ Virtual Surround အသံထွက်စနစ်လည်း ပါဝင်ပြီး 16:9 Aspect Ratio ဖြစ်ပါတယ်။

၁၂၀ လက်မ မျက်နှာပြင် ကျယ်ဝန်းတဲ့ တီဗွီဟာလည်း ပါဝင်ပစ္စည်း အားလုံးတူညီနေပြီး မျက်နှာပြင် အရွယ်အစား အရသာ ဈေးကွာ သွားတာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment