Powered by Blogger.

ဒေတာ ခိုးယူခံရခြင်းက ကာကွယ်ဖို့ USB Port တွေကို လျှပ်စီး နဲ့ ဖျက်ဆီး ပေးမယ့် USB Killer







ရုရှားနိုင်ငံ က ကုမ္မဏီ တစ်ခု က USB Killer တစ်ခုကို ၉၉ ဒေါ်လာ နဲ့ ထုတ်လုပ်ရောင်းချလိုက်ပါတယ်။ USB Killer ဆိုတာကတော့ USB Port တွေကို လျှပ်စစ်စီးခြင်းနဲ့ ဖျက်ဆီးလိုက်ပြီး ဒေတာ ခိုးယူမှု တွေမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်တဲ့ ကိရိယာ ပါ။

ဟုတ်ပါတယ်။ သင်ဟာ ပိုက်ဆံပေးပြီး ကွန်ပျုတာ ပျက်စီးအောင်လုပ်နေတာပါ။ ဒါပေမယ့်လည်း တစ်ချို့သော ကွန်ပျူတာတွေကတော့ USB Port ပျက်စီးသွားမှာထက် ဒေတာ ခိုးယူခံရမှုကို အရေးတစ်ကြီးကာကွယ်ဖို့ လိုအပ်နေတာတွေ ရှိပါတယ်။ အဲဒီလို အချိန်မျိုးမှာ USB Port အတွင်း လျှပ်စီး ထည့်သွင်းလိုက်ခြင်း နဲ့ ဘယ်သူမှ USB Port ကို အသုံးမပြုနိုင်တော့ အောင် လုပ်နိုင်မှာပါ။

တစ်ချို့ကတော့ ထို USB Killer ကို အသုံးပြုတဲ့အခါ Motherboard ကို ပါ ထိခိုက်လာနိုင်တယ်လို့ ဆိုကြပါတယ်။ တစ်ကယ်တော့ မဟုတ်ပါဘူး။ ဒါဟာ USB Port တွေကိုပဲ အသုံးပြုလို့မရအောင် ဖျက်ဆီးလိုက်တာပါ။ Motherboard နဲ့ ချိတ်ဆက်ထားမှုကို မရပ်တန့်လိုက်ပါဘူး။

ဒါကြောင့် USB Port ပြန်အသုံးပြုလိုတဲ့အခါ Port လေးလဲလိုက်ရုံပါပဲ။ Motherboard ကို ထိခိုက်ခြင်းမရှိနိုင်ပါဘူး။ ဒါပေမယ့်လည်း ထို USB Killer ပေါ်မှာတင် အသက် ၁၉ နှစ်ပြည့်ပြီးသူ ပရော်ဖက်ရှင်နယ်များသာ အသုံးပြုဖို့ကိုတော့ ညွှန်ကြားထားပါတယ်။

ဒီ USB Killer ကနေ ရလာနိုင်တဲ့ အားနည်းချက်တွေကတော့ USB Port တွေ အများကြီးဖြစ်နေတဲ့အခါ အားလုံးကို ဖျက်ဆီးပစ်လိုက်ရတာမျိုး နဲ့ ကလေးငယ်တွေဟာ မှားယွင်းပြီး USB Killer ကို အခြားကွန်ပျူတာတွေမှာ ထည့်သွင်းမိလိုက်တာမျိုးတွေပါ။ အင်တာနက် ကတစ်ဆင့် ဖြစ်ပေါ်လာနိုင်တဲ့ ဒေတာ ခိုးယူမှုတွေကိုတော့ ကာကွယ်ပေးနိုင်စွမ်းမရှိပါဘူး။ အဲဒီအတွက်တော့ ဆော့ဖ်ဝဲလ် သုံးပြီး ကာကွယ် တာ အကောင်းဆုံးပါပဲ။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment