Powered by Blogger.

နှလုံးခုန်နှုန်းကိုတိုင်းတာပေးနိုင်မယ့် Xiaomi ရဲ့ ၁၆ ဒေါ်လာ တန် Mi Band Pulse





Xiaomi အမှတ်တံဆိပ် Mi Band ဆိုတဲ့ fitness tracker ဟာ အနောက်တိုင်းဒေသ တွေမှာ ၀ယ်ယူလို့မရနိုင်သေးပေမယ့်လည်း ကုမ္မဏီ ရဲ့ ၀တ်ဆင်နိုင်တဲ့ ကိရိယာ တွေရဲ့ ရောင်းအား ထက်ဝက်ခန့်အတွက် ကူညီပေးနိုင်ဖွယ်ရှိနေပါတယ်။

ထို ကိရိယာကိုတော့ ၂၀၁၄ ခုနှစ် ဇူလိုင်လကတည်းက မိတ်ဆက်ပြသခဲ့တာ ဖြစ်ပြီး သင့်ရဲ့ လှုပ်ရှားမှု Level တွေနဲ့ သင့်ရဲ့ အိပ်ချိန် တွေကို ဖော်ထုတ်တွက်ချက်ပေး နိုင်ပါတယ်။ တန်ဖိုးအားဖြင့် လည်း ၁၆ ဒေါ်လာသာ ရှိတဲ့ Mi Band ဟာ မကြာခင်မှာပဲ သင့်ရဲ့ နှလုံးခုန်နှုန်းတွေကို တိုင်းတာပေးနိုင်တော့မယ်လို့ တရားဝင် ပြောကြားလိုက်ပါတယ်။

တရုတ်အခြေစိုက် နည်းပညာ ကုမ္မဏီဟာ ထို လုပ်ဆောင်ချက်အသစ်ပါဝင်မယ့် ကိရိယာကို Mi Band Pulse လို့ လည်းခေါ်ပြီး ထို ကိရိယာမှာ ( photoplethysmography ) လို့ ခေါ်တဲ့ ဆင်ဆာ တစ်မျိုးကို ထည့်သွင်းထားတဲ့ အတွက် ခန္ဓာကိုယ် ရဲ့ သွေးလည်ပတ်မှု နှုန်းတွေကို တိုင်းတာနိုင်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ထို ကိရိယာမှာ 45mAh ပမာဏရှိတဲ့ ဘက်ထရီ ပါဝင်တာကြောင့် ရက်ပေါင်း ၂၀ ခန့်အထိ နာရီအဖြစ် အားမသွင်းပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  ထို ကိရိယာ ဟာ ရေစိုခံ ကိရိယာ တစ်ခုဖြစ်တဲ့အပြင် Android 4.4 စနစ် (သို့) iOS 7 အနည်းဆုံး ရှိတဲ့ ဖုန်းတွေနဲ့အတူ ချိတ်ဆက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Mi Band Pulse ဟာ နိုဝင်ဘာ ၁၁ ရက်မှာ တရုတ်နိုင်ငံအတွင်း စတင်ရောင်းချမှာ ဖြစ်ပြီး Xiaomi ဟာ မကြာခင်မှာပဲ ကမ္ဘာတစ်ဝှမ်းလုံးကို တင်ပို့ရောင်းချသွားမယ်လို့ ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment