Powered by Blogger.

Apple iOS 9.2 ထွက်ရှိလာ



ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း developer တွေအတွက် Beta version တချို့ထွက်ရှိလာပြီးတဲ့နောက်မှာ iOS ရဲ့ နောက်ဆုံး ဗားရှင်းဖြစ်တဲ့ iOS 9.2 ထွက်ရှိလို့လာပါပြီ။ ဖိုင်ဆိုဒ်ကတော့ 300MB လောက် ရှိပါတယ်။ iPhone အတွက်လား၊ iPad အတွက်လား ဆိုတဲ့အပေါ်မှာ မူတည်ပြီး ဖိုင်ဆိုဒ်ကွာနိုင်ပါတယ်။

iOS 9.2 မှာ Apple Music, News, Mail နဲ့ iBooks တွေအတွက် လုပ်ဆောင်မှုသစ်တွေပါလာပါတယ်။ Siri မှာ ဆော်ဒီအာရေဗျ နဲ့ အာရပ်ဆော်ဘွားများနိုင်ငံအတွက် အာရဗီဘာသာစကား အထောက်အပံ့ပေးပါပြီ။

Apple Music မှာ Playlist တစ်ခုထဲကို သီချင်းထည့်ချင်တဲ့အခါ playlist အသစ် ဖန်တီးခွင့်ပေးပါပြီ။ သီချင်းတွေ ထည့်သွင်းတဲ့အခါမှာ မကြာသေးမီက အပြောင်းအလဲလုပ်လိုက်တဲ့ playlist ကို Apple Music က စီစဉ်ပေးပါတယ်။ Classical သီချင်းတွေကို ရှာတဲ့အခါမှာလည်း works, composers နဲ့ performers ဆိုပြီး ပြပေးပါတယ်။ iCloud music library ကနေ playlist တွေ ဒါမှမဟုတ် album တွေကို download လုပ်နိုင်ပါတယ်။ Download လုပ်ထားတဲ့ သီချင်းတွေကိုလည်း indicator အသစ်နဲ့ ပြသပေးမှာပါ။

Mail မှာ attachment ဖိုင်အကြီးကြီးတွေကို ပေးပို့နိုင်ဖို့အတွက် Mail Drop ကို အသုံးပြုနိုင်ပါတယ်။ iBooks မှာ အခု 3D Touch စနစ်ကို အထောက်အပံ့ပေးပါပြီ။ Library ထဲမှာ ရှာဖွေနေစဉ်၊ တခြားစာအုပ်တွေကို ဖတ်နေစဉ်၊ iBooks Store မှာ ရှာဖွေနေစဉ် အချိန်အတွင်းမှာတောင် audiobook တစ်ခုကို နားထောင်နေနိုင်ပါပြီ။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: GSM Arena


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment