Powered by Blogger.

Photoshop Lightroom ကို Android စနစ်အတွက် အခမဲ့ ရယူနိုင်ပြီ




Adobe ကုမ္မဏီဟာ Photoshop Lightroom ဆိုတဲ့ App ကို iOS စနစ်အသုံးပြုသူတွေအတွက် အခမဲ့ သုံးစွဲခွင့်ပေးခဲ့ပြီး ၂ လခန့်အကြာမှ ထပ်မံကြေညာခဲ့တာကတော့ Android အသုံးပြုသူတွေအတွက်လည်း အခမဲ့ ရယူခွင့်ပေးလိုက်ပြီဆိုတာပါပဲ။

ဒါကြောင့် Adobe Photoshop Lightroom 1.4 ကို Android စနစ်သုံး ကိရိယာတွေအတွက် Google Play မှာ အခမဲ့ ရယူနိုင်ပြီဖြစ်ပါတယ်။

ဓါတ်ပုံတည်းဖြတ်တဲ့ App ဖြစ်တဲ့ Photoshop Lightroom ဟာ အရင်တုန်းကတော့ အသုံးပြုမယ့် သုံးစွဲသူတွေအနေနဲ့ Creative Cloud Subscription တစ်ခု လိုအပ်ခဲ့ပါတယ်။ အခုလို ကုမ္မဏီက အခမဲ့ သုံးစွဲခွင့် အဖြစ်ပြောင်းလိုက်တဲ့အခါမှာ အရင် Subscription ပေးပြီး သုံးစွဲခဲ့သူတွေဟာ သူတို့ရဲ့ ကိရိယာတွေနဲ့ Lightroom Web ရဲ့ကြားမှာ အရင်ဒေတာ ဆက်လက်သုံးစွဲခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။

အရင်တုန်းကတော့ Creative Cloud Subscription ဈေးနှုန်းဟာ တစ်လကို ၉.၉၉ ဒေါ်လာ ကျသင့်ခဲ့ပါတယ်။ ဗားရှင်း အသစ်မှာ ပြောင်းလဲလာတာ တစ်ခုက အသုံးပြုသူတွေကို ဓါတ်ပုံတွေကို Edit လုပ်ဖို့အတွက် တစ်ချက်ထိ ထိန်းချုပ်မှု တွေများစွာ ကိုပေးသုံးတော့မှာပါ။ လက်ရှိမှာတော့ Lightroom ဟာ Snapseed နဲ့ Pixlr တို့နဲ့ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နေခဲ့ရတာလည်းဖြစ်ပါတယ်။

အခုလက်ရှိအချိန်ထိ Adobe Photoshop Lightroom 1.4 ဆိုတဲ့ App ကို Google Play ကနေ ဒေါင်းလုဒ် ဆွဲခြင်း အကြိမ် ၁ သန်းကျော်သွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment