Powered by Blogger.

Apple ၏ iPhone ကင်မရာအတွက် အင်ဂျင်နီယာရှစ်ရာကျော်အလုပ်လုပ်နေ


တကယ်လို့သင်ဟာ ဘာဖြစ်လို့များ iPhone ကင်မရာက အမြဲတမ်းထိပ်ဆုံးမှာပဲ ရပ်တည်နေတာလဲလို့သိချင်နေမှာပါ၊ တကယ်တော့ဒါဟာ နည်းပညာတွေကို အမြဲမြှင့်တင်ပေးနေတဲ့ Technology စစ်တပ်ကြီးတစ်ခု Apple မှာပိုင်ဆိုင်ထားလို့ဖြစ်ပါတယ်၊ ဒီကုမ္ပဏီမှာ iPhone ရဲ့အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ပြီးပြည့်စုံတဲ့ ကင်မရာအတွက် အင်ဂျင်နီယာ ရှစ်ရာကျော်အလုပ်လုပ်နေတာဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်၊

Apple ရဲ့ ကင်မရာပိုင်းဆိုင်ရာ စီနီယာဒါရိုက်တာဖြစ်သူ Charlie Rose က iPhone 6s Plus ရဲ့ သေးငယ်တဲ့အစိတ်အပိုင်းဖြစ်တဲ့ ကင်မရာပိုင်းမှာ အတွင်းပစ္စည်းပေါင်း နှစ်ရာခန့်ပါဝင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်၊ ဒီအစိတ်အပိုင်းကိုထုတ်လုပ်ဖို့အတွက် ဘယ်လောက်အရေးတယူထားတယ်ဆိုတာပေါ်လွင်စေပါတယ်၊ သူကပဲဆက်ပြီး ဒီကုမ္ပဏီမှာ ဒီအစိတ်အပိုင်းကိုထုတ်လုပ်ဖို့အတွက် အင်ဂျင်နီယာရှစ်ရာကျော် ပါဝင်တဲ့ အသင်းတစ်သင်းရှိတယ်လို့ဆိုပါတယ်၊


ကင်မရာရဲ့အတွင်းပိုင်းမှာ သေးငယ်တဲ့ ၀ိုင်ယာကြိုး လေးခုနဲ့ဖွဲ့စည်းထားပြီး အသုံးပြုသူတွေရဲ့လက်လှုပ်ရှားမှုကြောင့် ပုံရိပ်မှာဖြစ်ပေါ်လာမယ့် အနှောင့်အယှက်တွေကို ကာကွယ်ပေးမှာဖြစ်တယ်လို့သိရပါတယ်၊ ၀ါယာကြိုးတစ်ခုစီဟာ ဆံပင်ထက်တောင်သေးငယ်တယ်လို့သိရပါတယ်၊

တချို့အင်ဂျင်နီယာတွေဟာ ကင်မရာက အလင်းအမှောင်မရွေး ရိုက်နိုင်ပြီး လိုအပ်တဲ့ အတိုင်းအတာရောက်ပြီး အကောင်းဆုံးရိုက်ချက်တွေရရှိအောင် စမ်းသပ်ကြရပါတယ်၊ ဓာတ်ပုံတစ်ပုံရိုက်လိုက်ပြီဆိုတာနဲ့ အတွင်းလုပ်ဆောင်ချက် နှစ်ဆယ့်လေးဘီလျှံအထိအလုပ်လုပ်ကြတယ် လို့သူကဆိုပါတယ်၊

ဒီနှစ်အတွင်းမှာ Apple ဟာ ရုပ်ထွက်ကောင်းမွန်မှုအခြေအနေတွေကို iPhone 6 ကထက် iPhone 6s နဲ့ iPhone 6s Plus မှာ နဂို 8 Megapixel ကနေ 12Megapixel အထိမြှင့်တင်ခဲ့ပြီး အရှေ့ကင်မရာကိုလည်း 1.2 Megapixel သာရှိရာကနေ 5 Megapixel အထိမြှင့်တင်ခဲ့ပါတယ်၊ iPhone အသစ်တွေမှာ ပတ်ဝန်းကျင်နဲ့ အလင်းအမှောင်ပေါ်မူတည်ပြီး ပိုပြီးကောင်းမွန်တဲ့ Flashတွေထွက်နိုင်တဲ့ Flash Light ကိုလည်းထည့်သွင်းခဲ့ပါတယ်။

အသုံးပြုသူတွေဟာ ဗီဒီယိုတွေကိုလည်း 4K Resolution နဲ့ရိုက်ကူးနိုင်ပြီဖြစ်ပါတယ်၊ Autofocus ကလည်း Focus Pixel နဲ့အတူ မြှင့်တင်ထားခဲ့ပြီး၊ အရောင်ထွက်အရည်အသွေးတိကျမှန်ကန်မှုကလည်း အသစ်ထည့်ထားတဲ့ Image Signal Processor ကြောင့်ပိုပြီးကောင်းမွန်လာခဲ့ပါတယ်၊ နောက်ပိုင်းထွက်မယ့် ပစ္စည်းတွေမှာလည်း သက်ဝင်ဓာတ်ပုံ ဆိုတဲ့ Feature သစ်တစ်ခုထပ်မံထည့်သွင်းဖွယ်ရှိနေပါတယ်၊


(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: Gadgets360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment