Powered by Blogger.

Android နဲ့ iOS တို့အတွက် ထွက်ပေါ်လာပြန်တဲ့ Cut the Rope: Magic




လူကြိုက်များခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ Cut the Rope ဂိမ်း ဖန်တီးရေးဆွဲသူ Zeptolab ဟာ သူတို့ရဲ့  ကျော်ကြားလှတဲ့ လာဘ်ကောင် Om Nom ပဲ ပြန်လည်ပါဝင်မယ့် Cut the Rope: Magic ဆိုတဲ့ ဂိမ်း အသစ်ကို ထပ်မံ ထုတ်လုပ်လိုက်ပြီလို့ သိရပါတယ်။

Cut the Rope: Magic မှာတော့ အရင်တုန်းကထုတ်လုပ်ခဲ့တဲ့ ဂိမ်းတွေဖြစ်တဲ့ Cut the Rope ၊ Cut the Rope HD ၊ Cut the Rope 2 ၊ Cut the Rope: Experiments နဲ့ Cut the Rope: Time Travel တို့မှာ ပါဝင်ဖူးတဲ့ ပဟေဋ္ဌိတွေကို ပဲ ပြန်လည်အခြေခံထားပါတယ်။ ထူးခြားသွားတာတစ်ခုကတော့ ဒီဂိမ်း ရဲ့ ဇာတ်ကောင် Om Nom ဟာ ငှက် ၊ ဒိုင်နိုဆော ၊ ငါး (သို့) ကြွက်အဖြစ် အမျိုးမျိုး ပြောင်းလဲသွားမှာပဲ ဖြစ်ပါတယ်။

ဒီ ဂိမ်းကိုတော့ Android စနစ် အတွက် အခမဲ့ ဒေါင်းလုဒ် ရယူနိုင်ပြီး ဂိမ်းတွင်း ငွေကြေးလဲလှယ်နှုန်းတွေကို ၀ယ်ယူနိုင်ဖို့အတွက်တော့ Micro-Transaction နှုန်းထားတွေက ၀.၁၅ ဒေါ်လာခန့်ကနေ ၉၈ ဒေါ်လာ ခန့်အထိ နှုန်းထားတွေရှိတယ်လို့ သိရပါတယ်။ အကယ်၍ သင်ဟာ ပိုက်ဆံ မသုံးပဲ ဂိမ်းပဲ ဆော့ချင်တယ်ဆိုရင်တော့ ဂိမ်းမှာ ရရှိတဲ့ ဆုတွေဟာ Angry Birds 2 ထဲမှာလို ကြော်ငြာတွေ ကြည့်ရှု ဖို့အတွက်ပဲ ဖြစ်သွားပါလိမ့်မယ်။ iOS ဗားရှင်းအတွက်တော့ ၀.၉၀ ဒေါ်လာ ကျသင့်မယ်လို့ သိရပါတယ်။

ဒီဂိမ်းမှာတော့ ဆော့ကစားနိုင်မယ့် ဂိမ်း level ၁၀၀ အထိ ပါဝင်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment