Powered by Blogger.

Apple က ၂၀၁၆ခုနှစ်အစောပိုင်းမှာ ၄ လက်မ အရွယ် ဟန်းဆက်တစ်လုံးထုတ်လုပ်မယ်လို့ သတင်းထွက်




Apple ရဲ့ ကျော်ကြားလှတဲ့ A9 Processor အသစ် နဲ့အတူ ရောင်စုံ သတ္တု ဖုန်းအခွံနဲ့ ပိုမိုသေးငယ်တဲ့ မျက်နှာပြင် ရှိတဲ့ ဟန်းဆက် တစ်လုံးကို လိုချင်ပါသလား? မိုဘိုင်းလ် လောကစောင့်ကြည့်လေ့လာ သူတစ်ယောက်ဖြစ်တဲ့ Ming-Chi Kuo က ပြောပြတာကတော့ သင် Apple ထံကနေ ၀ယ်ယူလို့ ရနိုင်ပါတယ်တဲ့။

Ming-Chi Kuo နောက်ဆုံးပြုလုပ်ခဲ့တဲ့ သုတေသန အရ Apple ဟာ ၂၀၁၆ ခုနှစ် အစောပိုင်းမှာ ၄ လက်မ ကျယ်ဝန်းတဲ့ Apple 5 Successor လို့ခေါ်တဲ့ iPhone 5c ကို ထပ်မံ ထုတ်လုပ်လိမ့်မယ်လို့ ဆိုပါတယ်။ ထို iPhone 5c သာ ထပ်မံ ထွက်ပေါ်လာခဲ့ရင်တော့ iPhone 6s လိုပဲ တူညီတဲ့ A9 processor ကိုပဲ အသုံးပြုထားမှာ ဖြစ်သလို Apple Pay အတွက်လည်း NFC Support ရရှိဦးမှာပါ။

သတ္တုကိုယ်ထည် ကို ရောင်စုံရွေးချယ်နိုင်မှာ ဖြစ်ပြီး ဘတ်ဂျက် ဈေးကွက်ကို ဦးတည်ပြီး ဒေါ်လာ ၄၀၀ ကနေ ဒေါ်လာ ၅၀၀ ကြားရှိတဲ့ ဈေးနှုန်းတွေနဲ့ သာ ရောင်းချသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Apple ဟာ အရင်ကလည်း iPhone 5c ဆိုတဲ့ ပလတ်စတစ် ကိုယ်ထည်နဲ့ ဖုန်းတစ်လုံးကို iPhone 5s နဲ့ ဆင်တူ ထုတ်လုပ်ခဲ့ဖူးပါသေးတယ်။ ဒီသတင်းကို ဘယ်လောက်ထိ ယုံကြည်ရမလဲဆိုရင်တော့ Ming-Chi Kuo ဟာ Apple နဲ့ ပတ်သက်တဲ့ ခန့်မှန်းမှု တွေနဲ့ နာမည်ရလာသူတစ်ဦးပါ။ ဒါပေမယ့် သူ့ရဲ့ ခန့်မှန်းမှုတိုင်းတော့ မမှန်ခဲ့ပါဘူး။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment