Powered by Blogger.

၂၀၃၅ ခုနှစ်လောက်ဆို ဂျပန်နိုင်ငံရဲ့ လုပ်ငန်း ထက်ဝက်ခန့်ကို စက်ရုပ်တွေနဲ့အစားထိုးမည်




သုတေသီ Yumi Wakao ဦးဆောင်မှုနဲ့ အချက်အလက် သုံးသပ်သူတွေဖြစ်တဲ့ Nomura Research Institude (NRI) ဟာ ဂျပန်နိုင်ငံမှာ နောင်နှစ် ၂၀အတွင်း ဖြစ်လာနိုင်တာနဲ့ပတ်သက်ပြီး ပုံဖော်ကြည့်ခဲ့ကြပါတယ်။ နောင်နှစ် ၂၀ ဆိုရင် ဂျပန်နိုင်ငံ အလုပ်အားလုံးရဲ့ ထက်ဝက်လောက်ကို စက်ရုပ်တွေနဲ့ ဆောင်ရွက်မယ်လို့ သိရပါတယ်။

NRI ဟာ အောက်စ်ဖို့ဒ် တက္ကသိုလ် ပါမောက္ခ Michael Osborne နဲ့အတူ အလုပ်တွဲလုပ်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့ လုပ်ငန်းစုစုပေါင်းရဲ့ ၄၉ရာခိုင်နှုန်းအထိကို ကွန်ပျူတာစနစ်တွေနဲ့ အစားထိုးလုပ်ဆောင်သွားဖို့ရှိတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လိုအပ်တဲ့ ဖန်တီးမှု အတိုင်းအတာပေါ်လိုက်ပြီး ဘယ်အလုပ်နေရာတွေက စက်တွေနဲ့ အလုပ်လုပ်နိုင်မလဲဆိုတဲ့ တစ်ခုချင်းစီကို NRI ကလေ့လာခဲ့တာဖြစ်ပါတယ်။ အကူအညီပေး စားပွဲတွေ၊ ကုန်စည်ပို့ဆောင်ရေး (သို့မဟုတ်) စိုက်ပျိုးမွေးမြူရေး လုပ်သား စတာတွေဟာ စာရေးတာ၊ စာသင်တာစတာတွေနဲ့ ယှဉ်ရင် ပိုပြီး စက်နဲ့အစားထိုးဖို့ ဖြစ်နိုင်ခြေရှိပါတယ်။

လုပ်ငန်းတွေကို စက်နဲ့အစားထိုးနိုင်တဲ့ ရာခိုင်နှုန်းကို တွက်ချက်ကြည့်ကြတဲ့အခါ အမေရိကန်က ၄၇ရာခိုင်နှုန်း၊ ဗြိတိန်က ၃၅ရာခိုင်နှုန်းပဲ ရှိတာကိုတွေ့ရပါတယ်။

ဖြစ်လာမယ့် စက်ရုပ်တော်လှန်ရေးခေတ်ဟာ နိုင်ငံ့လူဦးရေအရှိန်အဟုန်နဲ့တိုးပွားလာတာမှုရဲ့ စီးပွားရေး ဖိအားကို သက်သာရရစေပြီး အလုပ်နေရာအနေနဲ့ ဖန်တီးမှုပိုအားကောင်းတဲ့ အသက်မွေးဝမ်းကြောင်းတွေကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment