Powered by Blogger.

ငလျင်ဒဏ် ခံနိုင်မယ့် ကုတင်




ငလျင်ဒဏ် ခံနိုင်တဲ့ ကုတင်တစ်ခု ထွက်ပေါ်လာပါတယ်။ ကောင်းမွန်တဲ့ အတွေးအခေါ်တစ်ခုပါပဲ။

ထို အိုင်ဒီယာကို ၂၀၁၀ ခုနှစ်မှာ အသက် ၆၆ နှစ်အရွယ် ဒီဇီုင်နာ Wang Wenxi က ရေးဆွဲခဲ့တာပါ။ အဲဒီအချိန်ကတည်းက ထို ဒီဇိုင်နာက ထို ကုတင်ကို ဖန်တီးတည်ဆောက်နေခဲ့တာလည်းဖြစ်ပါတယ်။

ပုံစံကတော့ အကယ်၍ ငလျင်သာ ညအိပ်ချိန်မှာ လှုပ်ခတ်ခဲ့ရင် ထို ကုတင်က အလိုလျောက် ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ ငလျင်လှုပ်တဲ့အခါမှာ ကုတင်ဟာ အလိုလျောက် အခေါင်းတစ်ခုအသွင် ပြောင်းလဲ ဖန်တီးလိုက်ပြီး အိပ်နေသူကို ထိခိုက်မှု အားလုံးထံမှ ကာကွယ်သွားမှာပါ။



ပြီးရင်တော့ အဲဒီ အခေါင်းထဲမှာ ရေသန့်ဘူးနဲ့ အစားအစာတွေထည့်သွင်းထားပြီး ရက်အနည်းငယ် အသက်ရှင်နိုင်အောင် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဖန်တီးဖို့ ကျန်နေတဲ့ တစ်ခုတည်းသော အားနည်းချက်ကတော့ ထို အခေါင်းထဲ ရောက်သွားတဲ့အခါ တစ်ယောက်တည်းအားနဲ့ အထဲက နေ ဘယ်လို ပြန်ထွက်မယ်ဆိုတာပါပဲ။ ထိုအားနည်းချက်ကို ဖြေရှင်းနိုင်ရင်တော့ ထို ကုတင်ဟာ ဈေးကွက်ထဲ ၀င်ရောက်လာတော့မှာ ဖြစ်ပါတယ်။



( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment