Powered by Blogger.

Star War ထဲက ဂျက်ဒိုင်းတွေပုံစံမျိုးသူ့ကလေးကိုဝတ်ပေးပြီး Facebook ပေါ်တင်ခဲ့တဲ့ Mark Zuckerberg



Facebook တည်ထောင်သူတစ်ဦးဖြစ်တဲ့ Mark Zuckerberg ကသူဟာလဲ Star War ဇာတ်ကားရဲ့ အဓိက ပရိတ်သတ်တစ်ယောက်ဖြစ်ကြောင်းပြသခဲ့ပါတယ်၊ သူ့ရဲ့အသက်သုံးပတ်အရွယ်ရှိပြီဖြစ်တဲ့ သမီးလေးMax ကို Star War ထဲကဂျက်ဒိုင်းတွေရဲ့ဝတ်ရုံ ပုံစံမျိုးဝတ်ဆင်ပေးပြီး Facebook ပေါ်မှာတင်ခဲ့တာပါ၊

ကလေးလေးရဲ့ညာဘက်မှာတော့ Lightsaberတစ်ချောင်း၊ ဇာတ်ကောင် Chewbacca နဲ့ Darth Vader စက်ရုပ်ကလေး BB-8စတဲ့ Star War နာမည်ကြီး ကာရိုက်တာတွေရဲ့ အရုပ်ကလေးတွေလည်း ချပေးထားခဲ့ပါတယ်။

ဓာတ်ပုံကိုတော့ ကယ်လီဖိုးနီးယားက ပါလိုအယ်လ်တို မြို့မှာရိုက်ခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ Like ၁.၂သန်းကျော်ရရှိခဲ့ပါတယ်၊ ဒီမတိုင်ခင်ကလည်း ကလေးရဲ့ဒိုက်ပါကို ကိုယ်တိုင်လဲပေးနေတဲ့ပုံလေးတွေတင်ခဲ့ဖူးပါတယ်၊


Max ဟာ၇ပေါင်၈အောင်စရှိပြီး တစ်ချိန်မှာ ဆီလီကွန်တောင်ကြားရဲ့ ဒေါ်လာ၄၆ဘီလျှံကြွယ်ဝတဲ့ သူဌေးကြီး နေရာမှာအမွေဆက်ခံမဲ့သူအဖြစ်သတ်မှတ်ခံထားရတာပါ၊

ဒီPost ဟာ တင်ပြီးခဏအတွင်းမှာပဲ Like နဲ့ Comment တွေများစွာရရှိခဲ့ပြီး တစ်နာရီအတွင်းမှာ Like နှစ်သိန်းလေးသောင်းကျော် ရရှိခဲ့တာဖြစ်ပါတယ်၊ \


(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: Daily Mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment