Powered by Blogger.

ရှန်ဟိုင်း ရုပ်သံလိုင်းမှာ အေအိုင်နည်းပညာသုံးပြီး လူတစ်ယောက်အသွင် အစီအစဉ်တင်ဆက်



တရုတ်နိုင်ငံက Shanghai Dragon TV ဆိုတဲ့ ရုပ်သံလိုင်းဟာ Microsoft ကုမ္မဏီက ဖန်တီးတည်ဆောက်ထားတဲ့ အေအိုင်(Artificial Intelligence) နည်းပညာကို အသုံးပြုပြီး မိုးလေ၀သ သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ တိုက်ရိုက် ထုတ်လွှင့်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်ုပ်ဟာ မိုးလေ၀သ တင်ဆက်မှုအတွက် အလုပ်သစ်စတင်ရတာကို ၀မ်းသာမိပါတယ်” လို့ ထိုအေအိုင်နည်းပညာ အခြေခံ ရေးဆွဲထားတဲ့ Xiaolce က စတင် တင်ဆက်မှု ပြုလုပ်တဲ့အခါမှာ ပြောကြားသွားခဲ့တယ်လို့လည်း သိရပါတယ်။

Xiaolce ဆိုတာကတော့ smart cloud နဲ့ big data တို့ကို အသုံးပြုပြီး Microsoft က တည်ဆောက်ထားတဲ့ ဆော့ဖ်ဝဲ တစ်ခုပဲဖြစ်ပါတယ်။ Xiaolce ဟာ အစီအစဉ်တင်ဆက်သူ မိန်းကလေး တစ်ယောက်ကဲ့သို့ ရေးဆွဲထားတဲ့ ဆော့ဖ်ဝဲ ဖြစ်တာကြောင့် စတင် တင်ဆက်မှု ပြုလုပ်ခဲ့တဲ့ ၂ ရက်မှာတင်ပဲ Xiaolce ရဲ့  ချိုသာတဲ့ အသံ ဟာ လူအများကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ထို ဆော့ဖ်ဝဲမှာ ထည့်သွင်းထားတဲ့ Text-to-speech အေအိုင်နည်းပညာကြောင့် Xiaolce ဟာ အသံပိုင်းဆိုင်ရာမှာ သဘာဝဆန်ပြီး ထို အသံကိုလည်း အသံဖန်တီးစက်(Speech Synthesizers)အစား လူအစစ် ရဲ့ အသံကို ထည့်သွင်းထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် Unique Emotional နည်းပညာကို သုံးထားတာကြောင့်လည်း Xiaolce ဟာ မိုးလေ၀သ အချက်အလက်တွေကို အခြေခံပြီး ထင်မြင်ချက်တွေကို ချက်ချင်း ပြုလုပ်ပေးနိုင်ပါတယ်။

Xiaolce ရဲ့ အောင်မြင်မှုနဲ့အတူ TV အစီအစဉ်တင်ဆက်သူတွေနဲ့ မိုးလေ၀သ သတင်းကြေညာသူတွေရဲ့  အလုပ် ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment