Powered by Blogger.

Moto G(Gen 3) ဟန်းဆက်မှာ Android 6.0 Marshmallow စနစ် အသုံးပြုခွင့်ရ






အောက်တိုဘာလတုန်းက Motorola ကုမ္မဏီဟာ Android စနစ်နဲ့ နောက်ဆုံးဗားရှင်းဖြစ်တဲ့ 6.0 Marshmallow နဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကို ချပြခဲ့ဖူးပါတယ်။

Lenovo ကုမ္မဏီ ပိုင် ဟန်းဆက်ထုတ်လုပ်ရေး လုပ်ငန်းဖြစ်တဲ့ Motorola ဟာ Moto G(Gen 3) ဟန်းဆက်မှာ Marshmallow စနစ်ကို တပ်ဆင်ခွင့်ပေးလိုက်ပြီလို့ သိရပါတယ်။

ဒီနှစ် အစောပိုင်းတုန်းက ထုတ်လုပ်ခဲ့တဲ့ Moto G(Gen 3) ဟာ Android 5.1 Lollipop စနစ်ကိုသာ တပ်ဆင်ပေးထားခဲ့တာ ဖြစ်ပြီး အခုချိန်ကစတင်ကာ Moto G(Gen 3 ) မှာ Marshmallow စနစ် ရဲ့ လုပ်ဆောင်ချက်အသစ်အားလုံးနဲ့ Google ရဲ့ လုံခြုံရေး တိုးမြှင့်ထားမှုတွေကို မြင်တွေ့ရတော့မှာပါ။

ဒီလအစောပိုင်းတုန်းကလည်း Motorola က သတ်မှတ်ထားတဲ့ နေရာတွေမှာ Moto E(Gen 2) ဟန်းဆက်ကိုလည်း Marshmallow စနစ် Update လုပ်ခွင့်ပေးခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment