Powered by Blogger.

Chrome OS စနစ်သုံး Notebook တွေမှာ VLC Player အသုံးပြုနိုင်ပြီ





ရေပန်းစားတဲ့ Media Player တစ်ခုဖြစ်တဲ့ VLC Player ဟာ အခုတော့ Chrome OS စနစ်သုံး Notebook တွေမှာလည်း အသုံးပြုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ထို App ကို Chrome Web Store က တဆင့် အခမဲ့ ဒေါင်းလုဒ် ရယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Chrome OS အတွက် ထွက်ရှိလာတဲ့ VLC Player ဟာလည်း MKV ၊ DVD ISOs ၊ FLAC တို့အပါအ၀င် အခြား ဗီဒီယို နဲ့ အသံ Format မြောက်များစွာကိုလည်း Support လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ စာတန်းထိုးစနစ်ကိုလည်း Auto-Detection စနစ်နဲ့ ကာကွယ်ပေးနိုင်ပြီး Streaming အတွက်လည်း PlayBack အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

VLC ကို ရေးဆွဲဖန်တီးခဲ့တဲ့ Developer တစ်ယောက် ဖြစ်သူ JB Kempf ဟာ JavaScript နဲ့ အခြား Web နည်းပညာတွေကိုလိုအပ်တဲ့ Chrome OS စနစ်လိုမျိုးနေရာမှာ VLC ကို ရေးဆွဲရတာဟာ မလွယ်ကူခဲ့ဘူးလို့ ဆိုပါတယ်။ VLC Player ဟာ C နဲ့ C++ တို့မှာ ရေးဆွဲခဲ့တာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment