Powered by Blogger.

သင်မသိသေးသောသင့်တက်ဘလက်လုပ်ဆောင်နိုင်သည့်အရာငါးခု


ယခုခေတ်မှာတော့ တက်ဘလက်လို့ခေါ်တဲ့ သင်ပုန်းကွန်ပြူတာတွေကို အသုံးများလာကြပါပြီ၊ တချို့လူတွေက တက်ဘလက်တွေရဲ့ တကယ်အသုံးဝင်တဲ့ အရာတွေကိုမသိတာတွေရှိပါတယ်၊ အခုဖော်ပြပေးမယ့်အကြောင်းအရာ ငါးခုကတော့ သင့်ရဲ့တက်ဘလက်တွေကို ပိုပိုပြီးအသုံးဝင်စေနိုင်မှာဖြစ်ပါတယ်၊

(၁) စာသားများကိုဖတ်ရလွယ်ကူစေရန်ပြုလုပ်နိုင်ခြင်း

တက်ဘလက်တစ်လုံးကသင့်ကို စမတ်ဖုန်းတွေထက်စာရင် ပိုကြီးတဲ့စခရင်တစ်ခုကို ပေးနိုင်ပေမယ့် တချို့လူတွေအတွက် စာသားတွေဟာသေးနေတုန်းပါပဲ၊ ကံကောင်းစွာပဲ စာသားတွေရဲ့ဆိုက်တွေကို ပိုပြီးကြည့်ရလွယ်ကူအောင် ချဲ့လို့ရပါတယ်၊

iPad

Sitting ထဲက၊ General ကိုသွားပြီး၊ "Bold Text" နဲ့ "Larger Text" ကို Turn on လုပ်လိုက်ပါ၊ သင်လိုသလောက် တစ်ခုတည်းဖြစ်ဖြစ် နှစ်ခုလုံးဖြစ်ဖြစ် ဦးစားပေးပြီးရွေးချယ်နိုင်ပါတယ်၊ သင့်ရဲ့ Bold နဲ့ Larger ဆိုက်ရွေးချယ်တာကို Effect ဖြစ်အောင် တက်ဘလက်ကို Restart ပြန်လုပ်ဖို့တော့လိုပါတယ်၊

Android Pad

Sitting ထဲက Accessibility ကိုသွားပါ၊ Vision ဆိုတဲ့ အောက်က Font Size ဆိုတဲ့ Function ထဲကိုဝင်ပြီး အထဲမှာ Large ကိုရွေးပါ၊

(၂) စခရင်ရှော့(Screenshot) ရိုက်နည်း

ကိုယ်အရမ်းကြိုက်တဲ့ စာသားတွေ၊ ပုံတွေ၊ Save လုပ်လို့အဆင်မပြေတဲ့ အရာတွေကို ကိုယ့်အနေနဲ့သိမ်းထားချင်ရင်တော့ Screen Shot ရိုက်တာကအဆင်ပြေပါတယ်၊

iPad

Sleep/Wake ခလုတ်လေးဖိထားပြီးနောက် Home ခလုတ်ကို နှိပ်လိုက်ရင် Screenshot ရိုက်လို့ရပါတယ်၊ ရိုက်တာနဲ့ "ချပ်" ဆိုတဲ့အသံကြားလိုက်မှာဖြစ်ပြီး၊ ပြန်ကြည့်ချင်ရင် သင့်ရဲ့ Gallary ထဲက Capture Images Folder ထဲမှာကြည့်နိုင်ပါတယ်၊

Android

Power ခလုတ်နဲ့ အသံတိုးလျှော့ခလုတ်ကို တပြိုင်တည်းဖိထားရမှာပါ၊ Gallary ထဲက Capture Images ထဲမှာဝင်ကြည့်နိုင်ပါတယ်၊

(၃) ကီးဘုတ်အစစ်ကိုအသုံးပြုနည်း

Touch Screen ကီးဘုတ်တွေဟာ Facebook ကြည့်တာ၊ ဂိမ်းဆော့တာ၊ ၀က်ဘ်ဆိုက်တွေထဲဝင်ကြည့်တာ တွေမှာလျှင်မြန်မှုရှိပေမယ့်၊ Update အဖြစ်အပျက်တွေကို ချက်ချင်းရေးတင်ချင်ရင်တော့ စာရိုက်တဲ့နေရာမှာနှေးကွေး တယ်လို့ထင်နိုင်ပါတယ်၊ ကံကောင်းစွာပဲ တကယ့် ကီးဘုတ်အစစ်တွေနဲ့တွဲသုံးလို့ရနိုင်ပါတယ်၊

သင်ဟာ တက်ဘလက်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ များပြားလှတဲ့ Wireless Bluetooth ကီးဘုတ်တွေကို ဈေးကွက်ထဲမှာတွေ့နိုင်ပါတယ်၊ တချို့က ကွန်ပြူတာကီးဘုတ်လိုပဲ ကြီးမားတဲ့ကီးဘုတ်တွေရှိသလို၊ တက်ဘလက်ကေ့စ်နဲ့ ထည့်နိုင်အောင်လုပ်ထားပြီး သယ်ဆောင်ရလွယ်ကူစေတဲ့ ကီးဘုတ်တွေလည်းထွက်လာပါပြီ၊ ဒီကောင်လေးတွေက Email ရှည်ရှည်ရေးတာ၊ ဂျာနယ်ဆောင်းပါးတွေ၊ ၀တ္ထုတွေရေးတဲ့နေရာတွေမှာလည်း အချည်းနှီးဖြစ်မှုနည်းနည်းနဲ့ အဆင်ပြေစေမှာပါ၊

(၄) သီချင်းများအလိုအလျောက်ပိတ်အောင်ပြုလုပ်နည်း

တကယ်လို့သင်က သီချင်းနားထောင်ရင်းအိပ်ပျော်တတ်တဲ့လူဆိုရင် သင်အိပ်တဲ့အချိန် သီချင်းတွေပိတ်သွားအောင်လုပ်နိုင်ပါတယ်၊

iPad

Clock ထဲကိုဝင်ပြီး Timer ထဲက သီချင်းပိတ်တဲ့ Stop Playing ကို ရွေးပြီး သင်ဘယ်လောက်အချိန်ကြာကြာ လုပ်မယ်ဆိုတာကို Set လုပ်လိုက်ပါ၊

Android

Music Player အသုံးပြုမှုပေါ်မူတည်ပြီး သင်ဒီအရာကို မြင်နိုင်မမြင်နိုင်တော့ရှိပါတယ်၊ Samsungမှာ တော့ Sitting ထဲက Music auto off ဆိုတဲ့ Function ထဲဝင်လုပ်ရမှာပါ၊


(၅) VoiceOver Mode

တကယ်လို့ တစ်ခါတစ်လေ သင်စခရင်ပေါ်မှာ ဘာဖြစ်နေတယ်ဆိုတာကို ချက်ချင်းမသိနိုင်တဲ့ အခါမှာ iPad နဲ့ Android Pad တွေဟာ အသံနဲ့အချက်ပေးနိုင်တဲ့ Function ရှိတယ်ဆိုတာတော်တော်များများမသိကြပါဘူး၊

Sitting ထဲက GeneralကိုသွားပြီးAccessibilityမှာ VoiceOver ကို TurnOn လုပ်လိုက်ပါ၊ ဒီဟာလေးကိုရင်းနှီးဖို့အတွက်ဆိုရင် အမြဲတမ်းတော့ထိတွေ့မှုရှိနေရမှာဖြစ်ပါတယ်၊

ဥပမာ၊ သင်က သင့်လက်ချောင်းတွေကို Home Screen မှာလှုပ်ရှားလိုက်တာနဲ့ အထဲမှာဘာတွေရှိနေတယ်ဆိုတာကိုသိနိုင်ပါတယ်၊ VoiceOver Mode မှာသတိပြုရမှာက တစ်ချက်တည်းနှိပ်ရင် ဒီApp ရဲ့အကြောင်းသာသိရမှာဖြစ်ပြီး နှစ်ချက်နှိပ်မှသာ App က Activate ဖြစ်မှာဖြစ်ပါတယ်၊

VoiceOver က မြေပုံမှာ ဆိုရင် တည်နေရာတွေပြပေးနိုင်တာ၊ ကင်မရာရိုက်ရင် ကင်မရာထဲမှာလူဘယ်နှယောက်ရှိတာစတာတွေပါပြောပြနိုင်တာပါ၊


(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: Fox News




Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment