Powered by Blogger.

လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် (COO) အသစ် ခန့်အပ်ပြီးနောက် Apple ရဲ့  ရှယ်ယာဈေးတွေမြင့်တက်




Apple ကုမ္မဏီ ဟာ Jeff William ဆိုသူကို ကုမ္မဏီရဲ့  လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် (COO) အဖြစ် ကြာသပတေး နေ့က ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ ထို ရာထူးဟာ အရင်တုန်းက လက်ရှိ Apple ရဲ့  အမှုဆောင်အရာရှိချုပ်(CEO) Tim Cook ရဲ့  ရာထူးဖြစ်ပြီး Tim Cook တစ်ယောက် CEO ဖြစ်လာပြီးကတည်းက ထို ရာထူးနေရာမှာ လစ်လပ်နေခဲ့တာ ၄ နှစ်ခန့် ရှိခဲ့ပါပြီ။

Jeff Williams ဟာ Apple ကုမ္မဏီ မှာ အလုပ်လုပ်လာတာ ၁၇ နှစ်ရှိပြီဖြစ်ပြီး မနှစ်က ထုတ်လုပ်ရောင်းချခဲ့တဲ့ Apple Watch ထုတ်လုပ်မှုမှာလည်း ကြီးကြပ်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကုမ္မဏီရဲ့  ပြောကြားချက်အရတော့ Jeff Williams ဟာ iPhone ထုတ်လုပ်ခဲ့တဲ့ သမိုင်းမှာလည်း အဓိက ကဏ္ဍ ကနေ ပါဝင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

Apple က ပူးတွဲကြေညာခဲ့တဲ့ နောက်ထပ် အကြောင်းအရာတစ်ခုကတော့ Grey Group ဆိုတဲ့ ကြော်ငြာ ကုမ္မဏီ က Tor Myhren ဆိုသူကို ဈေးကွက်ချိတ်ဆက်မှု (Marketing Communications) ဌာန ရဲ့  ဒုတိယ ဥက္ကဌ အဖြစ် ငှားရမ်းခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့  လုပ်ငန်းတာဝန်တွေကတော့ Apple ရဲ့  ကြော်ငြာတွေ ၊ ၀က်ဘ်ဆိုက်တွေ နဲ့ ကုန်ပစ္စည်း ထုတ်ပိုးမှု တွေကို ကြီးကြပ်ရမှာဖြစ်ပါတယ်။ သူဟာ နောက်နှစ် အစမှာ စတင် တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် မှာ အခြေစိုက်ထားတဲ့ Apple ကုမ္မဏီဟာ အခြား အမှုဆောင် ရာထူး ၂ ခု ကို လည်း အပြောင်းအလဲ လုပ်ခဲ့ပါသေးတယ်။ အဲဒါတွေကတော့ ဟာ့ဒ်ဝဲ နည်းပညာ ဌာန ရဲ့  ဒု ဥက္ကဌ ဖြစ်သူ Johny Srouji ကို အကြီးတန်း ဒုဥက္ကဌ အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပြီး ကမ္ဘာအနှံ့ ဈေးကွက် ချဲ့ ထွင်ရေး ဌာန ရဲ့  အကြီးတန်း ဒုဥက္ကဌ Phil Schiller ရဲ့  လုပ်ငန်းတာဝန်တွေထဲကို App store ကို ကြီးကြပ်ဖို့ပါ ပြောင်းလဲပေးခဲ့ပါတယ်။

အခုလို ရာထူးအပြောင်းအလဲ တွေ လုပ်ခဲ့တဲ့အကြောင်း ကြေညာပြီးတဲ့နောက်မှာပဲ Apple ရဲ့ ရှယ်ယာတွေဟာ ၁.၂၈ ဒေါ်လာ ကနေ ၁၁၀.၀၆ ဒေါ်လာ အထ မြင့်တက်သွားခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment