Powered by Blogger.

Samsung က CES 2016 ပွဲတော်မှာ Galaxy S7 ကို မိတ်ဆက် ပြသမှာ မဟုတ် လို့ဆို




Samsung ကုမ္မဏီက သူတို့ရဲ့  ထုတ်ကုန် အသစ်ဖြစ်တဲ့ Samsung Galaxy S7 ဖုန်းကို CES 2016 ပွဲတော် မှာ စတင်မိတ်ဆက်သွားမှာ မဟုတ်ဘူးလို့ တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မကြာသေးခင်ကမှာ ထွက်ပေါ်လာတဲ့ သတင်းတွေကတော့ Samsung ဟာ စမတ်ဖုန်း အသစ်တစ်လုံးကို အမြန်ဆုံး ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြကြပြီး တစ်ချို့ သတင်းတွေကတော့ Samsung ဟာ Galaxy S6 နဲ့ Galaxy S6 Edge တို့ကို မနှစ်က မိတ်ဆက်ပြသခဲ့တဲ့ MWC ပွဲတော်မှာပဲ Galaxy S7 ကို မိတ်ဆက်သွားလိမ့်မယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့်လည်း ကြာသပတေး နေ့က ထုတ်ပြန်ခဲ့တဲ့ Samsung ရဲ့  CES 2016 ကြေညာစာမှာတော့ TV တွေနဲ့ အိမ် အသုံးအဆောင် ပစ္စည်းတွေအကြောင်းကိုသာ အဓိက ပြောကြားသွားတာဖြစ်ပါတယ်။ "Samsung Electronic ပစ္စည်းတွေဟာ CES ပွဲတော်မှာ ထပ်မံ ပေါ်ထွက်လာဦးမှာပါ။ နောက်ဆုံးပေါ် TV တွေ ၊ အိမ်အသုံးအဆောင် ပစ္စည်းတွေနဲ့ ပိုမိုများပြားတဲ့ ထုတ်ကုန်တွေကို ဇန်န၀ါရီလ ၅ ရက်နေ့မှာ ပြသသွားပါမယ်" လို့ Samsung ရဲ့  စာနယ်ဇင်းရှင်းလင်းမှု မှာ ဖော်ပြထားပါတယ်။

ကောလာဟလတွေအနေနဲ့ ထွက်ပေါ်နေခဲ့တဲ့ Galaxy S7 ဟာတော့ Qualcomm Snapdragon 820 Processor ကိုသုံးထားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Qualcomm က Samsung နဲ့ ပြုလုပ်ထားတဲ့ သဘောတူညီမှု အရ သူတို့ရဲ့  Chipset ကို ၂၀၁၆ ခုနှစ် ဧပြီလ မတိုင်ခင်အထိ အသုံးပြုခွင့်ပေးထားတယ်လို့လည်း သိရပါတယ်။

တစ်ခြား ကောလာဟလ တွေကတော့ Galaxy S7 ဟာ ၅.၂ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်ရှိပြီး Apple ရဲ့  iPhone 6s နဲ့ iPhone 6s Plus တို့လို 3D Touch-like pressure Sensitive မျက်နှာပြင်တွေ ထည့်သွင်းထားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment