Powered by Blogger.

Facebook ရဲ့ရှယ်ယာ ၉၉ရာခိုင်နှုန်းကို Mark Zuckerberg ထုတ်လှူမည်



Mark Zuckerberg ကလေးမွေးတဲ့ သတင်းတွေဟာ Facebook ပေါ်မှာ အရမ်းတက်နေတဲ့အတွက် သာမန်ဖြစ်နေချိန်မှာ သူဟာ ထူးခြားတဲ့သတင်းတစ်ခုကို တင်ခဲ့ပါတယ်။ သူ့သမီးလေး Maxima ကို မိသားစုအဖြစ် ကြိုဆိုခြင်းနဲ့အတူ၊ သူနဲ့ သူ့အမျိုးသမီး Priscilla Chan ဟာ သူတို့ရဲ့ Facebook ရှယ်ယာ ၉၉ရာခိုင်နှုန်းကို ထုတ်လှူသွားဖို့ ကတိပြုကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သူတို့ရဲ့ Facebook ရှယ်ယာ ၉၉ ရာခိုင်နှုန်းဟာ လက်ရှိမှာ ကန်ဒေါ်လာ ၄၅ ဘီလီယံ တန်ဖိုးရှိပါတယ်။ ထုတ်လှူမယ့် ရှယ်ယာ ၉၉ ရာခိုင်နှုန်းဟာ "အနာဂတ်မျိုးဆက် ကလေးငယ်များအားလုံးအတွက် လူသား အလားအလာ တိုးမြှင့်ရေးနှင့် ညီတူမျှမှု တိုးမြှင့်ရေး"  အတွက် ရန်ပုံငွေ ထောက်ပံ့သွားဖို့ပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ပရဟိတ ကြိုးပမ်းမှုတွေအတွက် အသုံးပြုဖို့ ကတိပြုထားတဲ့ သူတွေပါ။

သူတို့ဟာ သူတို့ရဲ့ ရှယ်ယာတွေကို တဖြည်းဖြည်း ထုတ်လှူဖြစ်မှာဖြစ်ပြီး နောက် ၃နှစ်ဆက်တိုက်အတွက်ကိုတော့ ၁နှစ်ကို ကန်ဒေါ်လာ  ၁ ဘီလီယံ ထပ်ပိုပြီး ရောင်းမှာမဟုတ်သလို လှူမှာလည်းမဟုတ်သေးပါဘူးလို့ အမေရိကန် လုံခြုံရေးနှင့် လဲလှယ်မှုကော်မရှင်ရဲ့ စာရွက်စာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment