Powered by Blogger.

တရုတ်နိုင်ငံရဲ့ လူစည်ကားတဲ့နေရာတွေမှာ Drone အသုံးပြုခြင်းကို တားမြစ်ကန့်သတ်တော့မည်




Drone တွေအသုံးပြုပြီး သယ်ယူပို့ဆောင်ရေး ပြုလုပ်တဲ့ နည်းပညာ ဟာ အမေရိကန်ပြည်ထောင်စု ရဲ့ မဝေးတော့တဲ့ အနာဂါတ်မှာ တွင်ကျယ်လာဖို့ ရှိနေပေမယ့် တရုတ်နိုင်ငံရဲ့ စည်းမျဉ်းဥပဒေ အသစ်ကတော့ နိုင်ငံသားတွေရဲ့ လုံခြုံမှု အတွက် Drone အသုံးပြုမှုကို ကန့်သတ်သွားတော့မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ရဲ့ ပြည်သူ့လေကြောင်းထိန်းချုပ်ရေးဌာန ဟာ မကြာခင်ထို ဥပဒေ သစ်တွေကို တရားဝင်ပြဌာန်းတော့မှာဖြစ်ပြီး ထို ဥပဒေ အသစ်တွေအရ Drone တွေအသုံးပြုပြီး ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေး ပြုလုပ်တဲ့အခါမှာ လူဦးရေများပြားတဲ့နေရာတွေကို ၀န်ဆောင်မှု မပေးဖို့ ကန့်သတ်သွားမှာ ဖြစ်တယ်လို့ South China Morning Post သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီဥပဒေ အသစ်တွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ကြေညာခြင်းကို ဦးဆောင်ခဲ့သူကတော့ အစိုးရနောက်ခံ တရုတ်နိုင်ငံရဲ့ လေယာဉ်ပိုင်ရှင်များနဲ့ လေယာဉ်မောင်းနှင်သူများ အဖွဲ့အစည်း ရဲ့ အမှုဆောင်အတွင်းရေးမှုး Ke Yubao ဖြစ်ပြီး ဘေဂျင်းမြို့ရဲ့ တရုတ်လေကြောင်းထိန်းချုပ်မှု ဖွံ့ဖြိုးရေး တွေ့ဆုံပွဲ အခမ်းအနားမှာ ထုတ်ဖော်ပြောပြခဲ့တာပဲဖြစ်ပါတယ်။

"တရုတ်နိုင်ငံရဲ့ သေးငယ်တဲ့ ဒရုန်းတွေအပေါ် ကိုင်တွယ် ထိန်းချုပ်ပုံနဲ့ ကာကွယ်မှုတို့ဟာ ကောင်းမွန်စွာ လုံလောက်ခြင်းမရှိပါဘူး။ အဆောက်အဦးအမြင့်တွေနဲ့ အီလက်ထရစ် ၀ါယာ တွေကို ရှောင်ရှားနိုင်အောင် အဆင့်မြှင့်တင်မှုတွေလုပ်ဖို့လိုနေပါတယ်။ အဲဒီလို မလွတ်ကင်းတဲ့ အရာတွေနဲ့ ထိခိုက်မှုတွေဟာ မြေပြင်ပေါ်က ပြည်သူတွေရဲ့ လုံခြုံမှု ကို ချိုးဖောက်နေပါတယ်" လို့ Ke Yubao က ဆိုခဲ့ပါတယ်။

တစ်ကယ်တော့ Drone တွေရဲ့ သယ်ယူပို့ဆောင်ရေး နည်းပညာဟာလည်း နိုင်ငံတကာမှာ အသုံးဝင်နေပါပြီ။ အမေရိကန်မှာလည်း Amazon က သူတို့အထူးဒီဇီုင်းပြုလုပ်ထားတဲ့ Prime Air ဆိုတဲ့ Drone ကို မိတ်ဆက်ပြသထားပြီး ထိုနည်းပညာ ရဲ့ ပြန့်နှံ့လာမှုဟာ စင်္ကာပူ အထိရောက်ရှိလာခဲ့ပါတယ်။ ဇူလိုင်လတုန်းကတော့ Uber ကုမ္မဏီ ဟာ Drone တွေကို အသုံးပြုပြီး ပူပြင်းတဲ့ ရာသီဥတုမှာပင် ရေခဲမုန့် တစ်ခုကို အချိန်မီ ပို့ဆောင်ပေးနိုင်တယ်လို့ ကြေညာခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNET
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment