Powered by Blogger.

မကြာခင်ထွက်လာတော့မယ့် ကုမ္ပဏီဝန်ထမ်းတွေအတွက် ‘လုပ်ငန်းခွင်သုံး Facebook’ ဗားရှင်း




ဒီ  ‘လုပ်ငန်းခွင်သုံး Facebook’ မှာတော့ Candy Crush စတဲ့ Facebook ဂိမ်းတွေ ကစားလို့ ရမှာ မဟုတ်ပါဘူး။

Facebook ဟာ ကုမ္ပဏီလုပ်ငန်းတွေအတွက် ရေးဆွဲထားတဲ့ ‘Facebook at Work’ ကို တစ်နှစ်ကြာစမ်းသပ်မှုပြီးနောက်၊ လာမယ့်လအတွင်းမှာ ထုတ်ပေးသွားဖို့ ရှိတယ်လို့  ကုမ္ပဏီရဲ့ အလုပ်အမှုဆောင်အရာရှိတစ်ဦးက ထုတ်ပြောခဲ့ပါတယ်။

လုပ်ငန်းခွင်ပူးပေါင်းဆောင်ရွက်မှုတိုးတက်မှုရှိဖို့ အတွက် ရည်ရွယ်ပြင်ဆင်ထုတ်လုပ်ထားတဲ့ ယခုဝန်ဆောင်မှုအသစ်ဟာ လက်ရှိလူတွေသုံးနေကြတဲ့လူမှုကွန်ရက်အတိုင်း news feed ၊ Likes ၊ chatting စတာတွေ ပါဝင်ပြီး တစ်ထေရာတည်းနီးပါး တူညီမှာဖြစ်ပါတယ်။

ဒါပေမယ့် ယခု ‘လုပ်ငန်းခွင်သုံး Facebook’ မှာ user တွေအနေနဲ့  လက်ရှိ Facebook profile တွေနဲ့ မတူတဲ့ သီးသန့် profile တစ်မျိုးကို ရရှိမှာဖြစ်ပါတယ်။ ဒီ့အပြင် ‘ လုပ်ငန်းခွင်သုံး Facebook’ အတွက် အထူးသီးသန့်  ထုတ်ကုန်ဆော့ဖ်ဝဲတွေကို လည်းရေးဆွဲနေပြီး၊ လုံခြုံရေးပိုင်းဆိုင်ရာ tool တွေလည်း ပါရှိမှာဖြစ်တယ်လို့  Facebook ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာပလက်ဖောင်းမိတ်ဖက်ကုမ္ပဏီ များရဲ့ ညွှန်ကြားရေးမှူး Julien Codorniou က ပြောကြားခဲ့ပါတယ်။

ဒီဝန်ဆောင်မှုကို စတင်ထုတ်ပေးပြီးတာနဲ့ ကုမ္ပဏီတိုင်း အခမဲ့သုံးစွဲနိုင်မှာဖြစ်ပြီး ပရီမီယမ်ဝန်ဆောင်မှုတွေ ယူမယ်ဆိုရင်တော့  အသုံးပြုသူတစ်ယောက်ကို တစ်လဒေါ်လာအနည်းငယ်စီ ကောက်ခံသွားဖို့ ရှိတယ်လို့ သိရပါတယ်။
‘လုပ်ငန်းခွင်သုံး Facebook’ ကို လက်ရှိမှာ Heineken ၊ စကော့တလန်တော်ဝင်ဘဏ်၊ ကျောက်မျက်ရတနာ ကုမ္ပဏီ Stella & Dot စတဲ့ ကုမ္ပဏီတွေအပါအ၀င် ကုမ္ပဏီပေါင်း ၃၀၀ ကျော်လောက် အသုံးပြုလျက်ရှိကြ ပါတယ်။

 ပြင်သစ်အပန်းဖြေစခန်းကုမ္ပဏီ  Club Med အနေနဲ့ လည်း ၂၀၁၆ ခုနှစ် နွေရာသီမှာ ကုမ္ပဏီရဲ့ ၀န်ထမ်းဦးရေ ၁၃၀၀၀ အကုန်လုံးကို ‘လုပ်ငန်းခွင်သုံး Facebook’ ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်တယ်လို့  သိရပါတယ်။

သာမန် Facebook နဲ့ အကုန်လုံးနီးပါး တူပေမယ့်လည်း ‘လုပ်ငန်းခွင်သုံး Facebook’ မှာတော့ Candy Crush လိုမျိုး ဂိမ်းတွေ ကစားလို့ ရမှာမဟုတ်ဘူးလို့ Codorniou က ပြောပြခဲ့ပါတယ်။




( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment