Powered by Blogger.

၂၀၁၅ခုနှစ်အတွင်း iPhone တွင်ဒေါင်းလုဒ်ဆွဲမှုအများဆုံး Free အက်ပလီကေးရှင်းဆယ်ခု၊

၂၀၁၅ခုနှစ်အတွင်း လူကြိုက်အများဆုံးiPhone Application ဆယ်ခုကို ဗြိတိန်နာမည်ကြီး သတင်းစာ The Mirror ကဖော်ပြခဲ့ရာအောက်ပါအတိုင်းတွေ့ရှိရပါတယ်၊

၁) WhatsApp Messenger

WhatsApp Messenger ဟာ ကမ္ဘာပေါ်မှာပေါ်ပြူလာအဖြစ်ဆုံး မက်ဆေ့ခ်ျ အပလီကေးရှင်းတစ်ခုဖြစ်ပါတယ်၊ မိမိသူငယ်ချင်းတွေနဲ့စကားပြောတာ၊ ပုံပို့တာ၊ emojiတွေပို့ပေးတာ၊ အင်တာနက်ကနေ ဖုန်း
ခေါ်တာတွေလုပ်လို့ရပါတယ်၊ ပြည်ပမှာ မိမိ မိသားစုနဲ့မိတ်ဆွေတွေ ရှိနေရင် နိုင်ငံခြားကို စာပို့ဖို့ဒါမှမဟုတ် ဖုန်းခေါ်ဖို့နဲ့ပတ်သက်ပြီး ဆက်စပ်ကုန်ကျစရိတ်တွေလျှော့ချနိုင်တာကြောင့် အထူးအသုံးဝင်တဲ့အပလီကေးရှင်းဖြစ်ပါတယ်။

WhatsApp

၂) Dubsmash

Dubsmash ကတော့ သင့်ရဲ့ဗီဒီယိုတွေကို ရယ်ရွှင်ဖွယ်ဖြစ်အောင်ပြုလုပ်တဲ့နေရာမှာသုံးနိုင်ပါတယ်၊ ဒီအက်ပလီကေးရှင်းကို  Kendall Jenner, Katie Price, Selena Gomez, Lewis Hamilton နဲ့
Kim Kardashian တို့လို နာမည်ကြီးတွေလည်းသုံးကြပါတယ်၊


၃) Messenger

Messenger ကိုတော့အားလုံးပဲသိကြမယ်ထင်ပါတယ်၊ Facebookကလွန်ခဲ့တဲ့နှစ်ကစလို့ သူတို့ရဲ့ Mobile ဖုန်းသုံးစွဲတဲ့ User တွေကိုသူတို့ရဲ့ Messenger အပလီကေးရှင်းဒေါင်းလုဒ်ဆွဲကြဖို့ တိုက်တွန်းခဲ့
ပါတယ်၊ ကနဦးမှာတော့ သုံးစွဲသူအများစုဟာ ဆန့်ကျင်ခဲ့ကြပေမယ့် အခုအခါမှာတော့ သူတို့ Idea ကိုလက်ခံလာကြပါပြီ၊ အခုတော့ ဒီအက်ပလီကေးရှင်းဟာ WhatsApp လိုပဲအသုံးတည့်လှတဲ့ အရာ
တစ်ခုဖြစ်နေပါပြီ၊

Facebook Messenger

၎) Facebook

သင့်မှာလည်း Facebook အကောင့်တစ်ခုတော့ရှိမယ်ထင်ပါတယ်၊ Facebook ဟာယခုအခါမှာ တဖြည်းဖြည်းချင်း သန်းပေါင်းများစွာသော အသုံးပြုသူတွေနဲ့ အကြီးမားဆုံးလူမှုကွန်ယက်တစ်ခုအဖြစ် ဦးတည်လာနေပါတယ်၊ Facebookဟာ သင့်ကို News Feedတွေ၊ သူငယ်ချင်းတွေရဲ့အကြောင်းတွေ၊ ပုံတွေမျှဝေတာတွေ၊ သင့်ရဲ့အဖြစ်အပျက်တွေကိုထိန်းတာတွေကိုပြုလုပ်နိုင်ပါတယ်၊

Facebook admits defeat after losing battle to stop users' giving themselves false names

၅) Instagram

Instagram ဟာကမ္ဘာကြီးကိုပိုမိုလှပသွားအောင်ပြုလုပ်နိုင်ပါတယ်၊ Instagramရဲ့ Filter တစ်ခုကိုဖြတ်ပြီး အရာအားလုံးပိုပြီးလှပသွားစေမှာပါ၊ ဒီအရာဟာ ကျော်ကြားတဲ့ Celebrities တွေကြားမှာ၊ Fashion တွေကြားမှာ ဓာတ်ပုံဆရာတွေနဲ့ အားကစားသမားတွေကြားမှာ ထင်ရှားပြီး၊ သင့်ရဲ့ အချစ်တော်တစ်ယောက်ယောက်ဘာတွေလုပ်နေတယ်၊ ဘယ်လိုနေထိုင်နေတယ်ဆိုတာ အမြဲကြည့်နေနိုင်မှာ
ဖြစ်ပါတယ်၊



၆) Crossy Road - Endless Arcade Hopper

 Crossy Roadဟာ iPhone ဂိမ်းတွေမှာ လူကြိုက်အများဆုံးသောဂိမ်းအဖြစ်ထိပ်ဆုံးမှာရပ်တည်ခဲ့ပါတယ်၊ ဒီရိုးရှင်းတဲ့ဂိမ်းဟာ ကစားသူတွေကို အတားအဆီးတွေဖြစ်တဲ့ မြစ်တွေ ကားတွေ ရထားတွေကို
ရှောင်တိမ်းရမှာဖြစ်ပါတယ်၊



၇) YouTube

YouTube ကတော့ ဗီဒီယိုကြည့်တဲ့ App တွေမှာလူကြိုက်အများဆုံးအဖြစ်ထိပ်ဆုံးကရပ်တည်နိုင်ဆဲပါပဲ၊ YouTube ကသင့်ကို ကမ္ဘာကြီးကဘာတွေဖြစ်ပျက်နေတယ်၊ ယခုလက်ရှိ ဘယ် Video တွေက
လူကြိုက်အများဆုံးဖြစ်နေတယ်ဆိုတာသိနိုင်ပါတယ်၊



၈) SnapChat

SnapChat ကတော့အစောပိုင်းမှာ ဆယ်ကျော်သက်တွေကလိင်ကိစ္စတွေနဲ့ပတ်သက်ပြီးအသုံးချလွန်းတာကြောင့် မကောင်းတဲ့ဂုဏ်သတင်းတွေနဲ့ကျော်ဇောခဲ့ပါတယ်၊ တစ်ယောက်နဲ့တစ်ယောက်လိင်ကိစ္စ
နဲ့ပတ်သက်ပြီးသတင်းစကားတွေပို့ကြတာကြောင့်အဲ့ဒီအချိန်က သူတို့မှာများပြားကျယ်ပြန့်တဲ့ အသုံးပြုသူတွေရှိခဲ့ပါတယ်၊ ဒီApp ကသင့်ရဲ့ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုအတိုလေးတွေကို လျှပ်တစ်ပြက်အ
တွင်းပို့ပေးနိုင်ပါတယ်၊ ဒါပေမယ့်အဲ့ဒါတွေကို ပေးပို့သူကိုယ်တိုင်မဖျက်ခင်ထိပဲကြည့်လို့ရတဲ့အချိန်အကန့်အသက်ရှိပါတယ်၊ ဒါကြောင့်Sexကိစ္စနဲ့ပတ်သက်ပြီးသတင်းပြန့်ဖို့မလွယ်တာကြောင့် အသုံးပြုကြ
ခြင်းဖြစ်ပါတယ်၊

Snapchat App

၉) Candy Crush Soda Saga

Candy Crush Soda Saga ဂိမ်းကတော့ အလွန်ကျယ်ပြန့်စွာခေတ်စားတဲ့ ဂိမ်းတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်၊ ဒီဂိမ်းက ချိုချဉ်အတန်းလိုက်လေးတွေရှိနေတဲ့ ပဟေဠိတွေကို နိုင်နိုင်တဲ့အမှတ်တစ်ခုရောက်တဲ့
အထိဖြေရှင်းရမှာဖြစ်ပြီး နောက်တစ်ဆင့်ကိုတက်ရောက်စေတာပါ၊

candy crush.jpeg

၁၀) Spotify Music

Spotify Music App ကတော့  သီချင်းနားထောင်ဖို့အတွက် အနုပညာရှင်တွေ၊ အယ်လ်ဘမ်တွေ၊ သီချင်းစာရင်းတွေကို အကြီးအကျယ်ရှာဖွေနားဆင်နိုင်တဲ့ Music Catalogue App တစ်ခုဖြစ်ပါတယ်၊
Free Version ကိုတော့ သီချင်းတွေနားထောင်ဖို့ ရောနှောဖို့ ကိုမျှတစွာကန့်သတ်ထားပြီး၊ အဆင့်မြှင့်ချင်ရင်တော့ ပရီမီယံကြေးအဖြစ် တစ်လကို ၉.၉၉ဒေါ်လာပေးရတယ်လို့သိရပါတယ်၊

Spotify


(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment