Powered by Blogger.

Instagram က Password တွေကို တစ်ကယ် ပြောင်းလဲထားတာ မဟုတ်ဘူးလို့ ဆို




Instagram သုံးစွဲသူ အများအပြားဟာ ဒီနေ့ အစောပိုင်းမှာ အလိုလျောက် Logged Out ဖြစ်သွားတဲ့အဖြစ်အပျက် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အများစုကတော့ စိတ်ပူခဲ့ကြတာဟာ သူတို့ရဲ့ အကောင့်တွေ Hack လုပ်ခံထားရတာလားဆိုတာကိုပါ။ ဒါပေမယ့် ဒါဟာ စိတ်ပူစရာမရှိပါဘူး။ ဘယ်သူမှလည်း Hack လုပ်မခံရပါဘူး။

ဖြစ်ပုံကတော့ Instagram သုံးစွဲသူအချို့ဟာ Instagram App ကို ဖွင့်လိုက်တဲ့အခါမှာ သင့်ရဲ့ Password ပြောင်းလဲခံထားရပါတယ်ဆိုတဲ့ Error မက်ဆေ့ဂ်ျနဲ့အတူ App ကနေအလိုလျောက် Logged Out ဖြစ်သွားကြတာပါ။

Instagram က ပြောကြားခဲ့တာကတော့ ဒါဟာ App ရဲ့ မတိကျတဲ့ Error အသိပေးမှုကို လုပ်ဆောင်မိသွားတဲ့ မှားယွင်းမှုတစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။ အကယ်၍ သင်ဟာ Instagram သုံးစွဲရင်းအလားတူ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ရင် နောက်တစ်ကြိမ် Log In ပြန်ဝင်သင့်ပါတယ်။ သာမာန် လုပ်နေကြ အချိန်ထက်တော့ နည်းနည်းပိုကြာပါလိမ့်မယ်။

Instagram ကိုယ်တိုင် အတည်ပြုပေးခဲ့တာက သင့်ရဲ့ Password ပြောင်းလဲခံထားရတဲ့ မက်ဆေ့ဂ်ျဟာ မှားယွင်းနေကြောင်း နဲ့ တစ်ကယ် Password ကို ပြောင်းလဲထားခြင်း မဟုတ်ကြောင်းကို အတည်ပြုပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment