Powered by Blogger.

Yahoo ကုမ္ပဏီကို ထုတ်ရောင်းမည်



Yahoo က သူ့ရဲ့ အဓိကစီးပွားရေး လုပ်ငန်းတွေကို ထုတ်ရောင်းဖို့အတွက် (ဒါမှမဟုတ်) Yahoo ကို ထုတ်ရောင်းဖို့အတွက် စဉ်းစားပါလိမ့်မယ်။ ဒီတစ်ပတ် နှောင်းပိုင်းမှာ ပြုလုပ်မယ့် ဘုတ်အဖွဲ့အစည်းအဝေးတွေမှာ ဒီကိစ္စကို ဆွေးနွေးသွားကြဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ Wall Street Journal မှာ သတင်း ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲမှာပါမယ့် ရွေးချယ်ချက်တွေထဲမှာ Yahoo ရဲ့ အင်တာနက်လုပ်ငန်းကို ထုတ်ရောင်း (ဒါမှမဟုတ်) Alibaba ကနေ ရှယ်ယာတွေကို ထုတ်ရောင်း (ဒါမှမဟုတ်) နှစ်မျိုးစလုံးကိုလုပ်ဖို့လည်း ပါတယ်လို့ သတင်းရရှိပါတယ်။

ဘုတ်အဖွဲ့က အခြေအနေပြန်ကောင်းအောင် လုပ်ဆောင်ဖို့အတွက် အထွေထွေအမှုဆောင် အရာရှိချုပ် Marissa Mayer ကို နှစ်အချို့အချိန်ပေးခဲ့ပြီး ဖြစ်ပေမဲ့ Yahoo ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ Yahoo ရဲ့ အဓိက ကုမ္ပဏီပိုင်အဖြစ် Alibaba မှာ ရှယ်ယာ ၁၅ရာခိုင်နှုန်း ကျန်ရှိနေပါသေးတယ်။

Yahoo က သူ့ရဲ့ ရှယ်ယာတွေကို ထုတ်ရောင်းဖို့ စီစဉ်ထားခဲ့ပေမဲ့ အခွန်ကိစ္စတွေကြောင့် အစီအစဉ်က နှောင့်နှေးနေခဲ့ရပါတယ်။

ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး မှတ်ချက် တစ်စုံတရာ ပေးဖို့အတွက်ကို Yahoo က ငြင်းပယ်ခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: theverge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment