Powered by Blogger.

iPhone 7 မှာ နားကြပ်ထည့်တဲ့အပေါက်(Headphone Port) ကို ဖယ်ရှားသွားဖွယ်ရှိ





အင်တာနက် မှာ ပွထ နေတဲ့ ကောလာဟလ တွေ သာမှန်ကန်ခဲ့မယ်ဆိုရင်တော့ Apple ကုမ္မဏီ ဟာ အသစ်ထုတ်လုပ်မယ့် iPhone 7 မှာ နားကြပ်ထည့်တဲ့ အပေါက်(Headphone Port) ကို ဖယ်ရှားပစ်တော့မှာပါ။

နောက်နှစ်မှာ ထုတ်လုပ်နိုင်ချေရှိတဲ့ iPhone အသစ်ကို ပိုမို ပါးလွှာတဲ့ ဒီဇိုင်းမျိုး ဖြစ်လာစေဖို့အတွက် နည်းပညာ ကုမ္မဏီကြီး Apple ဟာ နားကြပ်ထည့်တဲ့ အပေါက်ကို ဖယ်ရှားမှာ ဖြစ်တယ်လို့ ကောလာဟလ တွေက ဆိုထားပါတယ်။

ဂျပန် နည်းပညာ ၀က်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ MacOtakara ရဲ့ ဖော်ပြချက်အရတော့ iPhone အသစ်ဟာ Apple ရဲ့ Lighting Port ကို နားကြပ်ထည့်တဲ့အပေါက်အဖြစ်ရော ၊ အားသွင်းဖို့နဲ့ ဒေတာ ရွှေ့ပြောင်းဖို့အတွက်ပါ ၃ မျိုးလုံးသုံးနိုင်အောင် ဖန်တီးပေးသွားမယ်လို့လည်း သိရပါတယ်။

အရင်တုန်းက ထုတ်လုပ်ထားပြီးသားဖြစ်တဲ့ iPhone 6 ဟာ ၆.၉ မီလီမီတာ သာ အထူ ရှိပြီး ပါးလွှာတဲ့ ဒီဇိုင်းမျိုးရှိခဲ့တာ မှန်ပေမယ့် Bending ဆိုတဲ့ ကွေးကောက်သွားတဲ့ လုပ်ဆောင်ချက်ကြောင့် သုံးစွဲသူတွေက အပြစ်တင်ခဲ့ကြပါတယ်။ အခုတစ်ကြိမ်မှာတော့ နားကြပ်ပေါက်ကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ၁ မီလီမီတာ တိတိ ပိုပါးလွှာလာနိုင်တယ်လို့ ကောလာဟလ တွေအရသိရပါတယ်။

အရင်တုန်းက ထွက်ပေါ်ခဲ့ဖူးတဲ့ ကောလာဟလ တွေအရတော့ Apple ဟာ iPhone တွေရဲ့ အမှတ်အသားဖြစ်တဲ့ Home Button ခလုတ်ကိုလည်း iPhone 7 မှာ ဖယ်ရှားတော့မယ်လို့ ဆိုထားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း Apple ဟာ iPhone 7 နဲ့ပတ်သက်တဲ့ သတင်းတွေကို နောက်နှစ် အကုန်ကျမှ ထုတ်ဖော်ပြောကြားမှာ ဖြစ်တာကြောင့် ဘာကိုမှ တိတိကျကျ တော့ မပြောနိုင်သေးတဲ့ အနေအထားပဲဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment