Powered by Blogger.

Google image ရှာဖွေရာတွင် နောင်ပြန်ကိုးကားရန် bookmark ပေးနိုင်ပြီ




Google image ရှာဖွေရာမှာ နောင်တစ်ချိန် ပြန်ကိုးကာဖို့အတွက် bookmark ပေးထားနိုင်ပြီလို့ သတင်းရရှိပါတယ်။

ပုံမှန်အားဖြင့် Google ပေါ်မှာ ဓာတ်ပုံတွေရှာဖွေရတာဟာ ရေရှည်မခံတဲ့ ကိစ္စပါ။ Browser tab ကို ပိတ်လိုက်တာနဲ့ အားလုံးကုန်သွားပါပြီ။ Google ရဲ့ feature သစ်တစ်ခုကတော့ ဝဘ်စာမျက်နှာကို bookmark ပေးထားသလောက်ကို မိုဘိုင်းဖုန်းမှာ သင်ရှာတဲ့ပုံတွေကို သိမ်းဆည်းထားနိုင်ပါတယ်။

တကယ်တော့ ဒီနှစ်ခုက ထပ်တူကျတဲ့ လုပ်ငန်းစဉ်ပါပဲ။ သင်သိမ်းဆည်းထားတဲ့ ပုံတွေကို folder ထဲမှာထည့်သိမ်းထားနိုင်ပါသေးတယ်။ အဲ့ဒီ့အတွက် search မှာ နောက်တစ်ခါ ထပ်ပြီး ရှာစရာ မလိုတော့ပါဘူး။
ဒီ feature သစ်ဟာ အမေရိကန်မှာတော့ Android နဲ့ iOS နှစ်ခုစလုံးအတွက် ရရှိနေနှင့်ပြီးပါပြီ။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: engadget


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment