Powered by Blogger.

Microsoft Band 2 မှာ Music ကိုထိန်းချုပ်နိုင်မယ့် လုပ်ဆောင်ချက်အသစ်တွေထည့်သွင်း






အောက်တိုဘာလ တုန်းကထွက်ရှိခဲ့တဲ့ Microsoft ရဲ့ fitness Tracker စမတ်နာရီ Microsoft Band 2 ဟာ update ဗားရှင်းတစ်ခုကို ထုတ်လုပ်လိုက်ပြီး ထိုဗားရှင်းမှာတော့ လုပ်ဆောင်ချက်အသစ်တွေပါဝင်လာတယ်လို့ သိရပါတယ်။

Microsoft က အခိုင်အမာဆိုခဲ့တာကတော့ ထိုလုပ်ဆောင်ချက်ဟာ သုံးစွဲသူတွေပြန်ပြောပြခဲ့တဲ့ အကောင်းအဆိုးအကြောင်းအရာတွေကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်တယ်ဆိုတာပါပဲ။ သေချာတာတစ်ခုကတော့ ထို update ဗားရှင်းဟာ Band 2 တစ်ခုတည်းအတွက်ဖြစ်ပြီး မူလ ထုတ်လုပ်ထားတဲ့ Microsoft Band အတွက်တော့ မဟုတ်ပါဘူး။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ Band 2 ရဲ့ update ဗားရှင်းမှာတော့ Music ကိုထိန်းချုပ်နိုင်မှု တွေပါဝင်လာပါတယ်။ ထိုထိန်းချုပ်နိုင်မှုအရ သင်ဟာ Music ရဲ့ Pause ၊ Play ၊ Forward သို့ Rewind စတဲ့ လုပ်ဆောင်ချက်တွေကို စမတ်ဖုန်းပေါ်မှာ ဖြစ်ပေါ်သွားသည်အထိ စမတ်နာရီက တဆင့်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Band 2 ဟာ အသံ အတိုးအကျယ်ကို ထိန်းချုပ်ခွင့်တော့မပေးထားပါဘူး။အနည်းဆုံးတော့ ဖွင့်ထားတဲ့ သီချင်းရဲ့ နာမည်ကို Band 2 ရဲ့ မျက်နှာပြင်ပေါ်မှာ တွေ့မြင်ရနိုင်ပါတယ်။ဒီလုပ်ဆောင်ချက်ဟာ မည်သည့် ဂီတ App နဲ့မဆို တွဲဖက် သုံးနိုင်မယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ဝေဖန်သူတွေ ထောက်ပြခဲ့တာကတော့ ဒီလုပ်ဆောင်ချက်ဟာ Apple နာရီတွေမှာ ပါဝင်ပြီးသား လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်ဆိုတာပါပဲ။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment