Powered by Blogger.

South China Morning Post(SCMP) သတင်းစာ ကို Alibaba ကုမ္မဏီ ၀ယ်ယူ




တရုတ်နိုင်ငံရဲ့ အအောင်မြင်ဆုံး E-Commerce ကုမ္မဏီတစ်ခုဖြစ်တဲ့ Alibaba Group Holding Ltd ဟာ ဟောင်ကောင်မြို့က အင်္ဂလိပ်စာနဲ့ရေးသားဖော်ပြတဲ့ သတင်းစာ ဖြစ်တဲ့ South China Morning Post(SCMP) သတင်းစာ ကို ၀ယ်ယူခဲ့တယ်လို့ သိရပါတယ်။

Alibaba နဲ့ SCMP ကုမ္မဏီ တို့ဟာ သောကြာင်္နေ့ကပဲ ကြေညာခဲ့တာကတော့ Hangzhou အခြေစိုက် ကုမ္မဏီဖြစ်တဲ့ Alibaba ဟာ သက်တမ်း ၁၁၂ နှစ်ရှိနေပြီဖြစ်တဲ့ South China Morning Post သတင်းစာနဲ့ အခြား မီဒီယာ လုပ်ငန်းသုံးပစ္စည်းတွေကို မဖော်ပြလိုသောဈေးနှုန်းတစ်ရပ်နဲ့ ၀ယ်ယူသွားမယ်ဆိုတာပါပဲ။

ထို South China Morning Post သတင်းစာကို ပိုင်ဆိုင်ထားတာကတော့ ဗြိတိသျှ နယ်ချဲ့ဟောင်း တစ်ယောက်ဖြစ်တဲ့အတွက် Alibaba ရဲ့ အခုလို မီဒီယာတစ်ခုကို ၀ယ်ယူလိုက်မှုဟာ ဟောင်ကောင်မြို့မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာစေနိုင်လိမ့်မယ်လို့ ဝေဖန်သူတွေက ပြောကြားခဲ့ပါတယ်။

Alibaba ကုမ္မဏီဟာ ဒီနှစ်ပိုင်းအတွင်း မီဒီယာ နဲ့ Content လုပ်ငန်းတွေမှာ များစွာ ရင်းနှီးမြှုပ်နှံမှုပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း Alibaba ကုမ္မဏီ ဟာ China Business News ဆိုတဲ့ ပြည်တွင်း ဘဏ္ဍာရေးမီဒီယာ လုပ်ငန်းတစ်ခုကိုလည်း ဒေါ်လာ ၁၉၄ သန်းပေးပြီး မဖော်ပြလိုတဲ့ ရှယ်ယာ ရာခိုင်နှုန်းတစ်ခုကို ၀ယ်ယူခဲ့ပါသေးတယ်။

တစ်ကယ်တော့ Alibaba ကုမ္မဏီရဲ့ Chairman ဖြစ်သူ Jack Ma ဟာ South China Morning Post သတင်းစာနဲ့ ပတ်သက်မှု တွေရှိခဲ့ဖူးပါတယ်။ ၂၀၁၃ ခုနှစ်တုန်းကလည်း South China Morning Post သတင်းစာမှာ ၁၉၈၉ ခုနှစ်က Tiananmen ပန်းခြံမှာ ဒီမိုကရေစီ အကြို ဆန္ဒထုတ်ဖော်မှုတွေမှာ အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ဘေဂျင်းဖြစ်ရပ်ကို Jack Ma က ထောက်ခံတဲ့ မှတ်ချက်မျိုးပေးခဲ့တယ်ဆိုတာကို ဖော်ပြခဲ့တဲ့ သတင်းထောက် ဟာ အလုပ်ထွက်ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး Jack Ma ကတော့ သူ့အနေနဲ့ ခိုင်လုံတဲ့အကြောင်းအရာတွေကိုသာ ဆိုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment