Powered by Blogger.

Samsung Galaxy S7 အား ကနဦးထုတ်လုပ်မှုအဖြစ် အလုံးရေငါးသန်းထုတ်လုပ်မည်၊


ကမ္ဘာ့ထိပ်သီး နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Samsung မှ Galaxy S7 ကို အလုံးရေငါးသန်းကို ကနဦး ထုတ်လုပ်မှုအဖြစ် ထုတ်လုပ်မှာ ဖြစ်တယ်လို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုမှ သိရပါတယ်၊

Samsung က ကုမ္ပဏီရဲ့ အဓိကစမတ်ဖုန်း အမျိုးအစားဖြစ်တဲ့ S မျိုးဆက်စမတ်ဖုန်းကို မတူညီတဲ့ ဗားရှင်းနှစ်ခုနဲ့ထုတ်လုပ်ဖို့စီစဉ်နေတာပါ၊ အဲ့ဒီဖုန်းတွေကတော့ ၅.၂ လက်မ နဲ့ ၅.၅ လက်မ Flat-screen ဗားရှင်း နဲ့ မျက်နှာပြင်ကွေး 'Galaxy S7 edge' တို့ဖြစ်ပါတယ်၊

Samsung ကသာမန်ရိုးရိုး S7အတွက် အလုံးရေ ၃.၃သန်းနဲ့ မျက်နှာပြင်ကွေးဖုန်းအတွက် အလုံးရေ ၁.၆သန်း ထုတ်လုပ်ဖို့ လျာထားပြီး လာမယ့်ဖေဖော်ဝါရီလမှာကြေငြာနိုင်တယ်လို့ဆိုပါတယ်၊ Samsung ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ဒီသတင်းအပေါ်မှတ်ချက်ပေးဖို့ငြင်းဆိုခဲ့ပါတယ်၊

Samsung ဟာလွန်ခဲ့တဲ့ မတ်လက Samsung Galaxy S6 ကို ထုတ်ပြန်ခဲ့ပြီး တစ်နှစ်မပြည့်သေးတဲ့အချိန်မှာ ဒီသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်၊ အဓိက ပြိုင်ဘက် Apple ကလည်း လာမယ့် မတ်လမှာ iPhone အသစ်ကိုထုတ်ပြန်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေတာကြောင့် သတင်းတွေသာမှန်ခဲ့ရင် လာမယ့်နှစ်မှာ ဒီကုမ္ပဏီနှစ်ခုကြားက ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကိုထပ်မံမြင်တွေ့ရဖွယ်ရှိနေပါတယ်၊



(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref : Reuters

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment